၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ထိုသို့ ကော်မရှင်ကြေညာပြီးနောက်ပိုင်း ရွေးကောက်ပွဲ၌ မဲမပေးရန်အတွက် No Vote လှုပ်ရှားမှုများက လူမှုကွန်ရက်စာမျက်နှာတွင် စေ့ဆော်မှုများရှိလာသည်။ အဆိုပါလှုပ်ရှားမှုများနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းခဲ့သည့် အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။
မေး- လက်ရှိ No Vote လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်လေး သိချင်ပါတယ်။
ဦးဖေသန်း- နိုင်ငံသားအခွင့်အရေးကို ဆုံးရှုံးအောင် လုပ်နေတာ ဖြစ်တယ်။ ဒီလူတွေဟာ ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်နေကြတာလို့ မြင်တယ်။ ဒီအချိန် ဒီကာလက No Vote လုပ်ဖို့ အချိန်မဟုတ်တော့ဘူး။ ကျော်ခဲ့ပြီ။ အများကြီး ကျော်ခဲ့ပြီ။
မေး - ဒီအချိန်မှာ No Vote လှုပ်ရှားမှုတွေ ပေါ်လာတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ - ရွေးကောက်ပွဲကို No Vote လုပ်တဲ့အတွက် နည်းနည်း ဆူပူလာမလား။ ပြည်သူတွေ အဲဒီအပေါ်မှာ ဂယက်တစ်ခုခု ထလာမလား။ အဲဒီလိုရည်ရွယ်ချက်နဲ့လည်း လုပ်နိုင်တာပေါ့။ ဆိုလိုတာက ကောင်းတဲ့ ရည် ရွယ်ချက်တော့ မဟုတ်ဘူး။ ရွေးကောက်ပွဲကို မဲမပေးတာနဲ့ ရွေးကောက်ပွဲအပေါ်မှာ ကောင်းတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူး။ ကျွန်တော်တို့က ဒီမိုကရေစီကို သွားနေတဲ့ကာလမျိုးမှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်တယ် ဆိုတာ ဘယ်လိုပဲကြည့်ကြည့် ကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။
မေး - မဲမပေးတဲ့ မဲဆန္ဒရှင်တွေ များပြားလာရင် ဘယ်လို အခြေအနေမျိုးတွေ ကြုံလာနိုင်မလဲ။
ဖြေ - ဒါကတော့ တစ်ဦးချင်းကတော့ အဆုံးအဖြတ် မပေးနိုင်ဘူးပေါ့။ ဒါပေမဲ့ အဲဒီလို လူမျိုးတွေ များလာတဲ့အခါမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ ဥပမာ လူ ၁၀၀ မှာ မဲမပေးတဲ့လူ ၁၀ ယောက်ပဲ ရှိမယ်ဆိုရင် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ ကိုယ်က ကြိုက်တဲ့ပါတီကို မဲပေးမယ့်လူက အထူးသဖြင့် ဒီမိုကရေစီကို အားသန်တဲ့လူတွေက ဒီမိုကရေစီသွားချင်တဲ့ပါတီပဲ မကြိုက်တော့ဘူးဆိုရင် တစ်ဖက်ရှုံးနိုင်ခြေရှိတဲ့ ပါတီတွေ က သူ့လူနဲ့သူ သူတို့ကမပျက်ဘူး။ ကျွန်တော်တို့က သူတို့မှာဆိုပါတော့ လူ ၁၀၀ A ပါတီ က ၆၀ ရာခိုင်နှုန်း နိုင်နိုင်တယ်။ ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်း နိုင်နိုင်တယ်။ B ပါတီ ၃၀ ရာ ခိုင်နှုန်းပဲ နိုင်နိုင်တယ်။ ဆိုတော့ A ပါတီက မဲပေးတဲ့အခါမှာ ၁၀ ရာခိုင်နှုန်းပဲ ပေးမယ်။ ၂၀ ရာခိုင်နှုန်းပဲ ပေးမယ်ဆို ဟိုဘက်ပါတီက အလိုလိုနိုင်ပြီးသား ဖြစ်သွားတာပေါ့။
မေး - ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အနေနဲ့ မဲပေးသင့်လား။ ဘာကြောင့် မဲပေးသင့်တယ်ဆိုတာကို လည်း ပြောပြပေးစေချင်ပါတယ်။
ဖြေ - နိုင်ငံသားတွေက ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုရအောင် ယူကြရမှာပေါ့။ အဲဒီလို ယူကြဖို့အတွက် ဒါမှလည်း ဒီမိုကရေစီ ပိုပြီးတော့ရှင်သန်မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အများစုက ဒီရွေးကောက်ပွဲကို စိတ် မဝင်စားဘူး။ မဲမပေးတော့ဘူးဆိုရင် ဒီမိုကရေစီက အားပျော့တဲ့ ဒီမိုကရေစီ၊ အများ စုကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီမဟုတ်တော့ ဘူးပေါ့။ အားပျော့တဲ့ ဒီမိုကရေစီ ဖြစ်သွား လိမ့်မယ်။ အဲဒါဆိုရင် ဒီမိုကရေစီဘက်ကို မနွယ်တဲ့ မျိုးဆက်တွေပေါ့၊ အဲဒီဘက်က ပိုပြီးတော့ ရှေ့ဆက်ပြီးတော့ အသာရသွား နိုင်တယ်။ ဒီမိုကရေစီပျိုးပင်လေးတော့ ပေါက်လာပြီ။ ပေါက်တာတဲ့ဟာကိုအပင်ရှင် သန်အောင်၊ ကြီးထွားအောင် မြေသြဇာတွေ ထည့်ရမယ်။ ပထမအကြိမ်ကတော့ ဒီမို ကရေစီအပင်ပေါက်လေးကိုပေါက်အောင် ပြုစုထားရတဲ့ပွဲ။ ဒီပွဲကကျတော့ အဲဒီအပင် ပေါက်လေးကို ပိုပြီးတော့ ရှင်သန်ကြီးထွား အောင် မြေသြဇာထည့်ရမယ့်ပွဲပေါ့။ ရေ လောင်းရမယ့်ပွဲ။ အဲဒါကြောင့် တော်တော့ ကို အရေးကြီးပါတယ်။ ဒီကာလမှာ မဲမပေး ဘူး။ နိုင်ငံသားတွေက ကိုယ့်အခွင့်အရေးကို ကိုယ်မယူဘူးဆိုရင် ဒီမိုကရေစီပျိုးပင်ဟာ ရှင်သန်ဖို့ အားနည်းသွားနိုင်တာပေါ့။ ရှင် သန်ရင်တောင်မှ အားပြတ်သွားတဲ့ အပင် လေးဖြစ်သွားနိုင်တာပေါ့။ တော်တော့ကို အရေးကြီးတယ်လို့ မြင်ပါတယ်။
မေး - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်တဲ့အခါမှာ ၂၀၁၀ တုန်းက မဲပေးတဲ့ ရာခိုင်နှုန်းက ၇၇ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၅ မှာကျတော့ ၆၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ရာခိုင်နှုန်းက လျော့သွားတယ်။ အခုလက်ရှိ ဆရာတို့လည်း ကြားမှာ ပါ။ အဓိကက ပြည်သူတွေအနေနဲ့ ဘယ်ပါတီကို မဲပေး ရမှန်းမသိတော့ဘူးဆိုပြီးတော့ အသံတွေကြားနေရပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေ မဲပေးဖို့ စိတ်ဝင်စားမှု မြင့်တက်လာအောင် လုပ်ဆောင်ဖို့က ဘယ်သူ့မှာတာဝန်ရှိပါသလဲ။
ဖြေ - ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ နံပါတ်(၁) အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရ က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မီဒီယာသုံးလို့ ရတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ ပြန် ကြားရေးဌာနမျိုး ဒါလှုံ့ဆော်လို့ရတယ်။ ပြောဆိုလို့ ရတယ်။ ကော်မရှင်ရှိတယ်။ ဒါက လုပ်လို့ရတယ်။ မီဒီယာတွေကလည်း ရွေး ကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲ အတွက် မဲပေးဖို့အတွက် ပြည်သူတွေကို စည်းရုံးလို့ရတယ်။ အကျိုးအကြောင်းလေး တွေ ဖော်ပြပြီး စည်းရုံးလို့ရတယ်။ CSO တွေလည်း ဒီအခန်းကဏ္ဍမှာ ပါဝင်နိုင်တယ်။ အဓိကက အစိုးရက ဦးဆောင်ပြီးတော့ ဒါ ကို လုပ်မယ်။ နောက်အကုန်လုံးက ပံ့ပိုးဖို့ ပြောဆိုကြမယ်။ လွှတ်တော်ကလည်း ဒါ တွေကို ပြည်သူတွေကို ချပြမယ်။ ကိုယ်စား လှယ်တွေက ချပြမယ်။ အဲဒါမျိုးသွားရင် တော့ ရွေးကောက်ပွဲတွေက ဆက်လက်ပြီး တော့ အားကောင်းမောင်းသန် ရှင်သန်နေဦး မှာပေါ့။ တချို့ ဒီမိုကရေစီနိုင်ငံတွေလည်း ရှိပါတယ်။ မဲပေးဖို့အတွက် လှုံ့ဆော်နေရတာ တွေ၊ အမေရိကန်လိုနိုင်ငံမျိုးမှာတောင်မှ ရှိတယ်။ ဒါကတော့ ကျွန်တော်တို့မှာတော့ အဲဒါကို တာဝန်တစ်ရပ်အနေနဲ့ ကျွန်တော် တို့က မခံယူသေးဘူးပေါ့။ ပေးချင် ပေးမယ်၊ မပေးချင် မပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဘယ်သူ့ ကိုမှ သွားပေးလည်း မထူးဘူးဆိုတဲ့ အပျက် သဘောမျိုး ပြောဆိုကြတာပေါ့။ တကယ် တမ်း ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် အဲဒါဟာ အခွင့်အရေး။ နိုင်ငံသားတွေရဲ့ အခွင့်အရေးဆိုတာ သူတို့က သိပြီးဖြစ်တယ်။ သိပ်ပြီးတော့ ပြောစရာမလိုဘူး။ အဲဒါ ကြောင့် အစိုးရက ဦးဆောင်ပြီးတော့ ဒါကို ဖိအားတွန်းအားတွေ နောက်ပြီး မီဒီယာတွေ၊CSO တွေ၊ ပြည်သူလူထုက ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေက ပြောပေး ရင်တော့ တဖြည်း ဖြည်း မဲပေးဖို့ ဖြစ်လာလိမ့်မယ်လို့ထင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အဲဒီလိုပဲ။ ဝေး တဲ့အခါမှာ တစ်မျိုးပြောပြီးတော့ နီးတဲ့အခါ မှာ ဆုံးဖြတ်ချက်က တစ်မျိုးဖြစ်လာတတ် တယ်။ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲ အရှိန်အဝါကလည်း ရွေးကောက်ပွဲနီးလာမှ ဖြစ်လာတာကို။ အဲဒီအခါကျတော့ ငါ့နာ မည်မပါ၊ သူ့နာမည်ပါ၊ အဲဒီအခါကျတော့ ဖြစ်လာတဲ့ ပြဿနာတွေလည်း ရှိတာပေါ့။ ရွေးကောက်ပွဲ နည်းနည်းဝေးသေးတာလည်း အကြောင်းပါတယ်။ တကယ်လို့ရွေးကောက် ပွဲနီးလာတဲ့အခါမှာ လွှတ်တော်ကိုယ်စား လှယ်တွေကလည်း စည်းရုံးတယ်။ ပါတီတွေကလည်း စည်းရုံးတယ်။ အဲဒီအချိန်မှာ ပြည်သူတွေက အဲဒီအပေါ်မှာ ပိုပြီးတော့ အလေးထားလာမယ်။ စျာန်ဝင်လာမယ့်ပေါ့။ စျာန်ဝင်လာပြီး ရွေးကောက်ပွဲကို မဲပေးမှု တွေ များလာပါလိမ့်မယ်။