နောက်ခံလူ(၂)ဦးဖြစ်သည့် ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့ကို နွေရာသီတွင် ချယ်လ်ဆီးအသင်း ရောင်းချတော့မည်

နောက်ခံလူ(၂)ဦးဖြစ်သည့် ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့ကို နွေရာသီတွင် ချယ်လ်ဆီးအသင်း ရောင်းချတော့မည်
Photos : Getty Images
Photos : Getty Images
Published 22 July 2020

၎င်းတို့(၂)ဦးစလုံးသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ်စီ ကျန်ရှိနေသေးပြီး အသင်းတာဝန်ရှိသူများက ၎င်းတို့အား စာချုပ်သက်တမ်း မတိုးတော့ဘဲ ရောင်းချရန်သာ စီစဉ်နေခြင်းဖြစ် ကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် လာမည့်နွေ ရာသီအပြောင်းအရွှေ့ကာလတွင် အသင်း၏ နောက်ခံလူ(၂)ဦးဖြစ်သည့် ဂျာမန်နောက်ခံလူ ရူဒီဂါနှင့် ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်တို့ကို ရောင်းချတော့မည်ဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

၎င်းတို့(၂)ဦးစလုံးသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ်စီ ကျန်ရှိနေသေးပြီး အသင်းတာဝန်ရှိသူများက ၎င်းတို့အား စာချုပ်သက်တမ်း မတိုးတော့ဘဲ ရောင်းချရန်သာ စီစဉ်နေခြင်းဖြစ် ကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် အသင်း၏နောက်တန်းကို ပြင်ဆင်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

ရူဒီဂါသည် ချယ်လ်ဆီးအသင်းသို့ ၂၀၁၇ ခုနှစ် တွင် ရောက်ရှိလာပြီး (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၁၁)ပွဲ ကစားပေးထားသူဖြစ်သည်။ ခရစ္စတန်ဆန်မှာမူ ချယ်လ်ဆီးအသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့ပြီး (၄) ရာသီအတွင်း (၉၈)ပွဲ ကစားထားသည်။

Most Read

Most Recent