တရုတ်တွင် ဗိုင်းရပ်စ်တစ်ကျော့ပြန်ကူး စက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် မြို့တော် ပေကျင်းတွင် နမူနာ နှစ်သန်းကျော်ကို စစ် ဆေးခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသူအ သစ် ၂၂ ဦး တွေ့ရှိခဲ့သည်ဟု ဇွန် ၂၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်းတွင် လူအစုလိုက်ကူးစက်မှု သစ်ဖြစ်ပွားခြင်းက ပြီးခဲ့သည့်လများအ တွင်း ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့သည့် တ ရုတ်တွင် ဗိုင်းရပ်စ်ကူးစက်မှုတစ်ကျော့ပြန် ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အ တွက် ဒေသခံများကို မလိုအပ်ဘဲ ခရီးသွား လာမှုများကို ရှောင်ရန်နှင့် စာသင်ကျောင်း များကို ပိတ်ထားရန် ညွှန်ကြားခဲ့မှုများနှင့် အတူ ပေကျင်းရှိ ဒါဇင်နှင့်ချီသော ရပ်ကွက် များကို အဝင်အထွက်များ ပိတ်ထားခဲ့သည်။
ဇွန် ၂၁ ရက်က ထုတ်ပြန်ခဲ့သည့် ဗိုင်းရပ်စ်ကူးစက်မှုသစ်စာရင်းတွင် သူနာပြုတစ် ဦးလည်း ပါဝင်ခဲ့သည်။ ယင်းသူနာပြုသည် လွန်ခဲ့သည့် သီတင်းပတ်တွင် ဖျားနာမှု ပြန် လည်ဖြစ်ပေါ်လာပြီးနောက် စစ်ဆေးရာတွင် ဗိုင်းရပ်စ်တွေ့ရှိခဲ့သည့် ပထမဆုံး ကျန်းမာ ရေးဝန်ထမ်းဖြစ်သည်။
လူအစုလိုက်ကူးစက်မှုသစ်တွင် လူ ပေါင်း ၂၂၀ ကျော်တွင် ဗိုင်းရပ်စ်ကူးစက်ခံ ထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များသည် ပေကျင်းမြို့အနှံ့ရှိ နေရာ ၂၀၀၀ ကျော်ကို ကွင်းဆင်းခဲ့ပြီး နမူနာ ၂.၃ သန်းကျော်ကို ရယူခဲ့သည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ကူးစက်ပျံ့နှံ့ မှုသည် ပင်လယ်စာလက်ကားရောင်းချသည့် စျေးမှတစ်ဆင့် ပထမဆုံး ထွက်ပေါ်လာမှု ကြောင့် ပေကျင်း၏ အစားအစာဖြည့်သွင်း မှု ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူ ပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ပြည်တွင်းသို့ တင်သွင်းထားသော ဆယ်လ်မွန်ငါးများကို ခုတ်ထစ်ရာတွင် အသုံးပြုသည့် စဉ်းတီတုံးများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။ ဆင် ဖာဒီစျေးမှ ဝယ်ယူထားသည့် အေးခဲ ပင် လယ်စာများနှင့် ပဲထွက်ကုန်များကို စွန့်ပစ် ရန် နိုင်ငံသားများကို ပေကျင်း တာဝန်ရှိသူ များက ဇွန် ၁၉ ရက်တွင် အကြံပေးခဲ့သည်။
ပေကျင်းအတွက်လတ်ဆတ်သော အသားငါးထုတ်ကုန် ၇၀ ရာခိုင်နှုန်းကျော်ကို ဖြည့်စွမ်းပေးသည့် ဆင်ဖာဒီစျေးကိုလည်း ပိတ်ထားခဲ့သည်။ အစားအစာ တင်သွင်းမှု များကို စစ်ဆေးရန်အတွက် နိုင်ငံတစ်ဝန်း စီမံချက်တစ်ခု စတင်ခဲ့သည်ဟု တာဝန်ရှိသူ များက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာ များ၊ စျေးများနှင့် အစားအစာများကို အိမ်အ ရောက်ပို့ဆောင်သည့် ဝန်ဆောင်မှုများတွင် လုပ်ကိုင်သည့် ဝန်ထမ်းများကို ဗိုင်းရပ်စ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဆင်ဟွာသ တင်းဌာနက ထုတ်ပြန်ခဲ့သည်။
ကူးစက်ပျံ့နှံ့မှုသစ်သည် ထိန်းချုပ်မှု အောက် ရောက်နေပြီဖြစ်သော်လည်း ပေကျင်းတွင် ကူးစက်မှုသစ်များကို မြင်တွေ့နေ ရဦးမည်ဟု ဗိုင်းရပ်စ်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ကူးစက်ရောဂါပြန့်ပွား ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာရှင်က ပြောကြားခဲ့သည်။
“ မေ ၃၀ နဲ့ ဇွန် ၁၂ ရက်အတွင်းမှာ ဆင်ဖာဒီစျေးကို မသွားခဲ့တဲ့သူတွေက ဗိုင်း ရပ်စ်ကူးစက်ခံရဖို့ အလားအလားနည်းပါ တယ်။ Nucleic Acid စစ်ဆေးမှု လုပ်ဖို့မလို ပါဘူး” ဟု ပေကျင်း ရောဂါထိန်းချုပ်ရေး စင် တာမှ ဒုတိယဒါရိုက်တာ လျူကျောင်ဖန်းက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။















