ရီးယဲလ်အသင်းကစားသမား ဟာဇက် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု ဇီဒန်း ဆို

ရီးယဲလ်အသင်းကစားသမား ဟာဇက် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု ဇီဒန်း ဆို
Published 16 June 2020

လာလီဂါပွဲစဉ် ၂၈ ကို ဇွန် ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး နောက်ဆုံးနေ့ပွဲစဉ်တွင် ရီးယဲလ်အသင်းကစားသမား ဟာဇက် ခြေချင်းဝတ်ဒဏ်ရရှိခဲ့သော်လည်း စိုးရိမ်စရာ မရှိကြောင်း နည်းပြ ဇီဒန်းက သုံးသပ်ပြောကြားသည်။

ဟာဇက်သည် ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီဘာအသင်းနှင့်ပွဲတွင် ပွဲထွက်ပါဝင်ကစားခဲ့ပြီး ရာမို့စ်သွင်းယူသည့် ဒုတိယဂိုးကို ဖန်တီးပေးခဲ့သည်။

၎င်းသည် ဒုတိယပိုင်း ၆၁ မိနစ်တွင် လူစားလဲခဲ့ရပြီး ပွဲကြည့်စင်ပေါ်ထိုင်နေစဉ် ယာဘက်ခြေချင်းဝတ်နေရာကို ရေခဲပတ်ထားသဖြင့် စိုးရိမ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။

ဟာဇက်သည် ပြီးခဲ့သည့်မတ်လတွင် ယာဘက်ခြေချင်းဝတ်ဒဏ်ရာကို အမေရိကန်နိုင်ငံ၌ ခွဲစိတ်ကုသခဲ့ရပြီး ယင်းနေရာကိုပင် ထပ်မံထိခိုက်မိခြင်းဖြစ်ဖွယ်ရှိသည်။

သို့သော် ဇီဒန်းက ဒဏ်ရာအတွက် စိုးရိမ်ခဲ့ရသော်လည်း ပြဿနာမရှိကြောင်း ပြောကြားသည်။

Most Read

Most Recent