ဆင်းရဲနွမ်းပါးသည့်ကလေးများကို စာသင်ကျောင်းများတွင် အခမဲ့ဆက်လက်ကျွေးမွေးရန် အစိုးရအား ရပ်ရှ်ဖို့ဒ် စာရေးသားတိုက်တွန်း

ဆင်းရဲနွမ်းပါးသည့်ကလေးများကို စာသင်ကျောင်းများတွင် အခမဲ့ဆက်လက်ကျွေးမွေးရန် အစိုးရအား ရပ်ရှ်ဖို့ဒ် စာရေးသားတိုက်တွန်း
Published 16 June 2020

မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် နွေရာသီ အားလပ်ရက်ကာလတွင် ဆင်းရဲနွမ်းပါးသည့်မိသားစုမှ ကလေးငယ်များကို စာသင်ကျောင်းများတွင် အခမဲ့ဆက် လက်ကျွေးမွေးရန် အစိုးရအား စာရေးသားပေးပို့၍ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ပြုလုပ်ထားသည့်ကာလအတွင်း ဆင်းရဲနွမ်းပါးသည့်မိသားစုမှ ကလေးငယ်များကို စာသင်ကျောင်းများမှ အခမဲ့ကျွေးမွေးသည့်အစီ အစဉ်ပြုလုပ်ခဲ့ပြီး ၁ ဒသမ ၃ သန်းခန့် ခံစားခွင့်ရရှိခဲ့သည်။

သို့သော် ယင်းကဲ့သို့ အခမဲ့ကျွေးမွေးသည့်အစီအစဉ်ကို နွေရာသီအားလပ်ရက်ကာလ ကျောင်းပိတ်သည့် ဇူလိုင်မှစ၍ ရပ်ဆိုင်းမည်ဖြစ်သောကြောင့် ရပ်ရှ်ဖို့ဒ်က စာရေးသားပေးပို့၍ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

''နှလုံးသားဖြင့်ပေးစာ'' ဟုရေးသားထားသောစာကို ဥပဒေပြုလွှတ်တော်အမတ်များထံ ရပ်ရှ်ဖို့ဒ်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ''အင်္ဂလန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့  ကလေးငယ်တွေကို အကာအကွယ်ပေးဖို့အတွက် စဉ်းစားပေးဖို့ ကျွန်တော်တောင်းဆိုပါရစေ။ သူတို့ရဲ့အသနားခံမှုကို နားထောင်ပြီး သင့်ရဲ့လူသားဆန်မှုကိုရှာဖွေဖို့ တိုက်တွန်း ချင်ပါတယ်။ အစားအသောက်ထောက်ပံ့မှု အစီအစဉ်ကို နွေရာသီအားလပ်ရက်ကာလမှာ ဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ''ဟု ရေးသားထားသည်။

ရပ်ရှ်ဖို့ဒ်သည် Lockdown ကာလတွင် FareShare အစားအသောက်ရန်ပုံငွေအဖွဲ့အတွက် ပေါင်သန်း ၂၀ ရှာဖွေပေးနိုင်ခဲ့သည်။

 

Most Read

Most Recent