ဗန်ဒိုက်နှင့် လီဗာပူးလ်စာချုပ်ကိစ္စဆွေးနွေးမှု အဆင်မပြေ

ဗန်ဒိုက်နှင့် လီဗာပူးလ်စာချုပ်ကိစ္စဆွေးနွေးမှု အဆင်မပြေ
Published 15 June 2020

လီဗာပူးလ်အသင်းနှင့် ဗန်ဒိုက်၏ အေးဂျင့်များ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေခြင်းမှာ အဆင်မပြေမှုများရှိနေကြောင်း နယ်သာလန်သတင်းစာ De Telegraaf ကဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဘဏ္ဍာရေးထိခိုက်မှုကို ကြုံတွေ့နေရရာ ဗန်ဒိုက်၏အေးဂျင့်များ တောင်းဆိုသောအချက်များကို လိုက်လျောနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေမှုကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

ယင်းကဲ့သို့ စာချုပ်ကိစ္စအဆင်မပြေသည့်သတင်းမှာ ဗန်ဒိုက်အား ခေါ်ယူရန် ပစ်မှတ်ထားနေသော PSG အသင်းအပါအဝင် ဥရောပအသင်း ကြီး အချို့ကို စိတ်ကြိုက်ဖြစ်စေခဲ့သည်။

PSGအသင်းသည် ဗန်ဒိုက်ကို တစ်ပတ် လစာ ယူရို(၃)သိန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent