ရီးယဲလ်နည်းပြဘဝ ပွဲ(၂၀၀)ပြည့်မှတ်တမ်းကို ဇီဒန်းရရှိခဲ့ပြီး ပွဲ(၁၀၀)နှင့်အထက်ကိုင်တွယ်ခဲ့သူများတွင် တတိယမြောက် နိုင်ပွဲရာခိုင်နှုန်းအများဆုံးနည်းပြဖြစ်နေ

ရီးယဲလ်နည်းပြဘဝ ပွဲ(၂၀၀)ပြည့်မှတ်တမ်းကို ဇီဒန်းရရှိခဲ့ပြီး ပွဲ(၁၀၀)နှင့်အထက်ကိုင်တွယ်ခဲ့သူများတွင် တတိယမြောက် နိုင်ပွဲရာခိုင်နှုန်းအများဆုံးနည်းပြဖြစ်နေ
Photo : AFP
Photo : AFP
Published 15 June 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် အီဘာအသင်းအား (၃ -၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ရီးယဲလ်နည်းပြဘဝ ပြိုင်ပွဲစုံပွဲ (၂၀၀) ပြည့်မှတ်တမ်းကိုရရှိခဲ့ကြောင်း စပိန် အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ဇီဒန်းသည် ရီးယဲလ်အသင်းအား ၂၀၁၆ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့မှ ၂၀၁၈ ခုနှစ် မေ (၃၁)ရက်နေ့အထိ ပထမအကြိမ်၊ ၂၀၁၉ ခုနှစ် မတ် (၁၁) ရက်နေ့မှ လက်ရှိအချိန်အထိ ဒုတိယအကြိမ် ကိုင်တွယ်နေခြင်းဖြစ်ပြီး ယခု ကဲ့သို့ ပွဲ(၂၀၀)ပြည့်မှတ်တမ်းကို ရရှိ ခဲ့ခြင်းလည်းဖြစ်သည်။

ဇီဒန်းအနေဖြင့် ရီးယဲလ်အသင်းနှင့် နည်းပြဘဝ ပွဲ (၂၀၀)တွင် နိုင်ပွဲ (၁၃၂)ပွဲ၊ သရေ (၄၂) ပွဲနှင့် ရှုံးပွဲ (၂၆)ပွဲကြုံတွေ့ခဲ့ပြီး စုစုပေါင်းရဂိုး (၄၈၉) ဂိုးနှင့် ပေးဂိုး (၂၀၉)ဂိုးရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဇီဒန်းအနေဖြင့် ရီးယဲလ်နည်းပြဘဝ နိုင်ပွဲရာခိုင်နှုန်းမှာ (၆၆.၆%) ရှိပြီး အသင်းသမိုင်းတစ်လျှောက် ပွဲ (၁၀၀)နှင့်အထက်ကိုင်တွယ်ခဲ့သည့် နည်းပြများထဲတွင် အန်ဆယ်လော့တီ (၇၄.၇၉%) နှင့် မော်ရင်ဟို (၇၁.၉၁ %) တို့နောက် တတိယမြောက် နိုင်ပွဲ ရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ် ရပ် တည်နေကြောင်း သိရသည်။

ဇီဒန်းအနေဖြင့် ရီးယဲလ်အသင်း နှင့်အတူ ဥရောပပွဲစဉ်များတွင်လည်း ရလဒ်ကောင်းများ ရယူထားနိုင်ပြီး ဥ ရောပပွဲစဉ် (၃၉)ပွဲကိုင်တွယ်ရာတွင် (၂၅)ပွဲအထိအနိုင်ရရှိခဲ့ကာ နိုင်ပွဲရာ ခိုင်နှုန်း (၆၄%) ဖြင့် အသင်းသမိုင်း တစ်လျှောက် ဥရောပပွဲရလဒ်အကောင်းဆုံးနည်းပြအဖြစ် ရပ်တည်လျက်ရှိသည်။

 

Most Read

Most Recent