ဘောလုံးကွင်းများမှ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ပြန်ဖွင့်မည်ဖြစ်သော်လည်း ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်ပွဲကစားသည့်နေ့များတွင် ပိတ်ထားမည်

ဘောလုံးကွင်းများမှ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ပြန်ဖွင့်မည်ဖြစ်သော်လည်း ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်ပွဲကစားသည့်နေ့များတွင် ပိတ်ထားမည်
Published 15 June 2020

ပရီးမီးယားလိဂ်နှင့် လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများ၏ ဘောလုံးကွင်းများရှိ  အမှတ်တရပစ္စည်းအရောင်းဆိုင်များကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သော်လည်း ပွဲကစားသည့်နေ့ရက်များတွင် ယင်းဆိုင်ခန်းများအား ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲများပြန်ကစားပါက ကွင်းထဲသို့ ပရိသတ်များဝင်ခွင့်မရသော်လည်း ကွင်းပြင်ပတွင် စုပြုံရောက်ရှိလာမည်ကို တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြသည်။

သို့ဖြစ်ရာ ပွဲကစားသည့်နေ့ရက်များ၌ စျေးဆိုင်ခန်းများသို့ ပရိသတ်များလာခြင်းဖြင့် ကွင်းပြင်ပတွင် လူများစုပြုံမနေစေရန် ယင်းနေ့ရက်များ၌ ဆိုင်ခန်းများကို ပိတ်ထားရန် စီစဉ်ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကာလအတွင်း ကလပ်အသင်းများမှာ ဘဏ္ဍာရေးထိုးနှက်မှုကို ကြုံတွေ့နေရပြီး အသင်း၏ဝင်ငွေကို တစ်စိတ်တစ် ပိုင်း အထောက်အကူဖြစ်စေရန်အတွက်  အရောင်းဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။

အသင်း၏အမှတ်တရပစ္စည်းများနှင့် အကျႌများကိုရောင်းချသော ယင်းဆိုင်ခန်းများမှာ ကလပ်အသင်း၏ ဝင်ငွေရပေါက်ရလမ်းထဲတွင် အဓိကကျသောအရာတစ်ခုလည်း ဖြစ်သည်။

ဆိုင်ခန်းများပြန်ဖွင့်သော်လည်း လူအများပြည့်ကျပ်မနေစေရန် အစိုးရ၏ Social Distancing သတ်မှတ်ချက်များနှင့်အညီ စည်းကမ်းတင်းကျပ်စွာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent