ရဲတပ်ဖွဲ့၏အကြမ်းဖက်မှုနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွား

ရဲတပ်ဖွဲ့၏အကြမ်းဖက်မှုနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွား
ဇွန် ၁၃ ရက်က ပါရီမြို့တွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြပွဲ၌ ပြင်သစ်ရဲတပ်ဖွဲ့က ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးနေစဉ် (Photo: AFP)
ဇွန် ၁၃ ရက်က ပါရီမြို့တွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြပွဲ၌ ပြင်သစ်ရဲတပ်ဖွဲ့က ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးနေစဉ် (Photo: AFP)
Published 14 June 2020
Ref: AFP

အမေရိကန်တွင် လုပ်ဆောင်နေသော US Black Lives Matter ဆန္ဒပြလှုပ်ရှားမှု ကို ထောက်ခံရန်နှင့် နေရပ်နိုင်ငံများတွင် ရှိနေသော ပြဿနာရပ်များကို မီးမောင်းထိုးပြရန်အတွက် ကမ္ဘာတစ်ဝန်းရှိ မြို့အများအ ပြား၌ ဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ သီ တင်းပတ်နှစ်ပတ်အတွင်းသို့ ဝင်ရောက်လာ ပြီဖြစ်ပြီး ဇွန် ၁၃ ရက်တွင်လည်း ပြင်သစ်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြေးလျ၌ လူထောင်ပေါင်းများစွာ ပါဝင်သော ချီတက် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝန်းရှိ မြို့အများအ ပြားတွင် လူထောင်နှင့်ချီ ပါဝင်သော ဆန္ဒပြ လှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီး ပါရီမြို့နှင့်လိုင်ရွန် မြို့တို့တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ သည်။

ပါရီတွင် ဖြစ်ပွားသော ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများက ရဲတပ်ဖွဲ့ထံ လက်နက်များ ဖြင့် ပစ်ပေါက်ခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအား မြို့တော်လမ်းမများတစ် လျှောက် ချီတက်ဆန္ဒပြခြင်းမှ ပိတ်ပင်တား မြစ်ရန်အတွက် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် ခဲ့သည်။ ပြင်သစ်အရှေ့တောင်ပိုင်း လိုင်ရွန် မြို့တွင် လူ ၂,၀၀၀ ခန့်ပါဝင်သော ဆန္ဒပြလှုပ်ရှားမှုကို ရဲတပ်ဖွဲ့က ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့သည့် လူမည်းအမျိုးသား အဒက်မန်တရာအိုအတွက် တရားမျှတမှုရရှိစေရန် တက်ကြွ လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့၏ နှိုးဆော်မှုကြောင့် ပါရီတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း ပြင်သစ်ရဲတပ်ဖွဲ့များအား တိုင်ကြားသည့် စာအစောင်ရေ ၁,၅၀၀ ရှိခဲ့ပြီး တိုင် ကြားစာထက်ဝက်ခန့်သည် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကို တိုင်ကြားထားခြင်း ဖြစ် ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

လန်ဒန်တွင် ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများ

လန်ဒန်တွင်လည်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှု အတွင်း ရဲတပ်ဖွဲ့နှင့် လက်ယာစွန်းရောက် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

သတင်းရုပ်သံများမှ ထုတ်လွှင့်ပြသ သည့် ဗီဒီယိုတွင် တက်ကြွနေသော ဆန္ဒပြသူ များက ရဲတပ်ဖွဲ့ဝင်များထံ သံချောင်းများ ပုလင်းများ၊ မီးခိုးဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြ ပြီး ၎င်းင်းတို့နှင့်အပြိုင် ဆန္ဒထုတ်ဖော်ကြသူ များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

ဆွစ်ဇာလန်နိုင်ငံတစ်ဝန်းရှိ မြို့အများ အပြားတွင်လည်း လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။ အထူးသဖြင့် ဇူး ရစ်ချ်မြို့၌ လုပ်ဆောင်သော ဆန္ဒပြမှုအ တွင်း လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများက လက်နက်များဖြင့် စတင်ပစ်ပေါက်ခဲ့ကြခြင်း ကြောင့် တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ဆန္ဒပြသူအများအပြားကို ဖမ်း ဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဂျာမနီနိုင်ငံတောင်ပိုင်း စတုဂတ်မြို့ တွင် လူ ၂ç၀၀၀ ဝန်းကျင် ပါဝင်သော ချီ တက်ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လူဘတ်မြို့တွင် လူ ၅၀၀ ပါဝင်သော ဆန္ဒပြမှု၊ ဟမ်းဘတ်မြို့ တွင် လူ ၂၅၀ ပါဝင်သော ဆန္ဒပြမှုများ ဖြစ် ပွားခဲ့ကြောင်း DPA သတင်းဌာနက ထုတ် ပြန်ခဲ့ သည်။

သြစတြေးလျရှိ မြို့များတွင်လည်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ သီတင်းပတ်နှစ်ပတ်ဆက်တိုက် ဖြစ်ပွားနေသည်။ အာရှတိုက်တွင် ထိုင်ဝမ်၌ လူရာပေါင်းများစွာက ကြွေးကြော်စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး အာဖရိကန် -အမေရိကန် လူမည်းအမျိုးသား ဖလွိုက် သေဆုံးခြင်းအတွက် ဝမ်းနည်းမှုအဖြစ် ရှစ် မိနစ် ငြိမ်သက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ တိုကျို မြို့တွင်လည်း လူဒါဇင်နှင့်ချီပါဝင်သော ချီတက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။    

 

Most Read

Most Recent