ဝုလ်ဗ်အသင်း တောင်ပံကစားသမား  အဒါမာထရာအိုရေးအား ခေါ်ယူရန် လီဗာပူးလ် ကြိုးပမ်းနေ

ဝုလ်ဗ်အသင်း တောင်ပံကစားသမား  အဒါမာထရာအိုရေးအား ခေါ်ယူရန် လီဗာပူးလ် ကြိုးပမ်းနေ
Photos: Getty Images
Photos: Getty Images
Published 10 June 2020

လွန်ခဲ့သည့်(၂)နှစ်က မစ်ဒယ်ဘရော့အသင်းမှ ဝုလ်ဗ်အသင်းသို့ ပြောင်းရွှေ့့ကြေး ယူရို(၁၈)သန်းဖြင့်ရောက်ရှိလာသော အဒါမာထရာအိုရေး (၂၄ နှစ်)သည် အသင်းအတွက် ပြိုင်ပွဲစုံ (၇၉)ပွဲကစားရာတွင် (၇)ဂိုး သွင်းယူပေးထားသူဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ဝုလ်ဗ်အသင်း၏ တောင်ပံကစားသမား အဒါမာထရာအိုရေးအားခေါ်ယူရန် စတင်ကြိုးပမ်းနေပြီဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ 

လွန်ခဲ့သည့်(၂)နှစ်က မစ်ဒယ်ဘရော့အသင်းမှ ဝုလ်ဗ်အသင်းသို့ ပြောင်းရွှေ့့ကြေး ယူရို(၁၈)သန်းဖြင့်ရောက်ရှိလာသော အဒါမာထရာအိုရေး (၂၄ နှစ်)သည် အသင်းအတွက် ပြိုင်ပွဲစုံ (၇၉)ပွဲကစားရာတွင် (၇)ဂိုး သွင်းယူပေးထားသူဖြစ်သည်။ 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် စပိန်ယူ-၂၁ ကစားသမားဟောင်းဖြစ်သူ ၎င်း၏ခြေစွမ်းကို သဘောကျနေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန်အတွက် ဝုလ်ဗ်အသင်းထံသို့ ဆက်သွယ်စုံစမ်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း Mirror က ဖော်ပြခဲ့သည်။