ပရီးမီးယားလိဂ်တွင် တာဝန်ယူမည့် ဒိုင်များကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမည်ဖြစ်ပြီး ကူးစက်ခံထားရပါက ရာသီကုန်အထိ ကိုင်တွယ်ခွင့်ရမည်မဟုတ်

ပရီးမီးယားလိဂ်တွင် တာဝန်ယူမည့် ဒိုင်များကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမည်ဖြစ်ပြီး ကူးစက်ခံထားရပါက ရာသီကုန်အထိ ကိုင်တွယ်ခွင့်ရမည်မဟုတ်
Photos: Getty Images
Photos: Getty Images
Published 10 June 2020

ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL) က လက်ကျန်ပွဲစဉ်ဇယားအပေါ်မူတည်ကာ ကိုင်တွယ်ရမည့်အခြေအနေအတွက် ဒိုင်နေရာချထားရေး အခက်အခဲများရှိသော်လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားထားပြီး အကယ်၍ ကူးစက်ခံထားရသူ အများအပြားရှိခဲ့လျှင်မူ ကွင်းလယ်ဒိုင် အခက်အခဲများရှိနေမည်ဖြစ်သည်။

မကြာမီပြန်လည်စတင်တော့မည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုင်တွယ်ရမည့် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင် အပါအဝင် ဒိုင်အဖွဲ့ဝင်အားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်တော့မည်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ အနေဖြင့် ရာသီကုန်အထိ ကိုင်တွယ်ခွင့်မရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ပရီးမီးယားလိဂ်တွင် ကစားကြမည့် ကစားသမားများအား (၆)ကြိမ်တိုင် စစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ကွင်းလယ်ဒိုင်များကိုမူ ယခုအချိန်တွင် ပထမဆုံးအကြိမ် စတင်စစ်ဆေးခြင်းလည်းဖြစ်သည်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL) က လက်ကျန်ပွဲစဉ်ဇယားအပေါ်မူတည်ကာ ကိုင်တွယ်ရမည့်အခြေအနေအတွက် ဒိုင်နေရာချထားရေး အခက်အခဲများရှိသော်လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားထားပြီး အကယ်၍ ကူးစက်ခံထားရသူ အများအပြားရှိခဲ့လျှင်မူ ကွင်းလယ်ဒိုင် အခက်အခဲများရှိနေမည်ဖြစ်သည်။

သို့ရာတွင် ကစားသမားများ၏ ကျန်းမာရေးနှင့် စိတ်ချလုံခြုံစွာကစားနိုင်ရေးအတွက် ဒိုင်လူကြီးအရေအတွက် မှာ အခက်အခဲရှိနေလျှင်ပင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် မည်သည့်ဒိုင်ကိုမဆို ရာသီအစပွဲစဉ်ကို သေချာပေါက်လွဲ ချော်မည်ဖြစ်ပြီး ယင်းအထဲမှ ဒိုင်တော်တော်များများသည်  ရာသီကုန်အထိ လုံးဝလွဲချော်လိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ 

တာဝန်ပေးခြင်းခံရသည့် ပရီးမီးယားလိဂ်ဒိုင်လူကြီးများအတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍မူ ပွဲကိုယ်တွယ်ခွင့်အပေါ် မူတည်၍ တစ်ပွဲချင်း အခပေးမည့်စနစ်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်သည့် အပိုခံစားခွင့်ကိုလည်း ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ ပရီးမီးယားလိဂ်တွင် ကစားသမားများနှင့် ဝန်ထမ်းများသည် စစ်ဆေးမှုအကြိမ်(၆၀၀၀) ကျော်ပြုလုပ်ထားပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၃)ဦးသာ ရှိခဲ့သည်။ 

Most Read

Most Recent