ဆေးခွင့်မပြည့်သေးသည့် ဘာလိုတယ်လီကို ဘရက်စီယာအသင်း လေ့ကျင့်ရေးကွင်းအတွင်း ဝင်ရောက်ခွင့်မပေး 

ဆေးခွင့်မပြည့်သေးသည့် ဘာလိုတယ်လီကို ဘရက်စီယာအသင်း လေ့ကျင့်ရေးကွင်းအတွင်း ဝင်ရောက်ခွင့်မပေး 
Photos: EPA
Photos: EPA
Published 9 June 2020

ဘရက်စီယာအသင်းသည် ဇွန်လ (၉)ရက်နေ့ နံနက်ပိုင်းက ဆေးခွင့်မပြည့်သေးဘဲ လေ့ကျင့်ရေးပြုလုပ်ရန်လာရောက်ခဲ့သည့် အသင်းတိုက်စစ်မှူး ဘာလိုတယ်လီကို လေ့ကျင့်ရေးကွင်းအတွင်း ဝင်ရောက်ခွင့်မပေးခဲ့ကြောင်း သိရသည်။ 

ဘရက်စီယာအသင်းသည် ဇွန်လ (၉)ရက်နေ့ နံနက်ပိုင်းက ဆေးခွင့်မပြည့်သေးဘဲ လေ့ကျင့်ရေးပြုလုပ်ရန်လာရောက်ခဲ့သည့် အသင်းတိုက်စစ်မှူး ဘာလိုတယ်လီကို လေ့ကျင့်ရေးကွင်းအတွင်း ဝင်ရောက်ခွင့်မပေးခဲ့ကြောင်း သိရသည်။ 

အီတလီမီဒီယာများက ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင်များတွင် အင်္ဂါနေ့နံနက်ပိုင်းက ဘရက်စီယာအသင်း လေ့ကျင့်ရေးကွင်းသို့ လာရောက်ခဲ့သည့် ဘာလိုတယ်လီကို အသင်းတာဝန်ရှိသူများက ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်မပေးဘဲ တားဆီးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ 

ဇွန်လ (၂၀)ရက်နေ့တွင် ပြန်လည်စတင်မည့် စီးရီးအေပြိုင်ပွဲတွင် ကလပ်အသင်းများအနေဖြင့် အသင်းကစားသမားများကို ကျန်းမာကြောင်း ဆေးထောက်ခံချက်ပြနိုင်မှသာ အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပေးရန် ခွင့်ပြုထားကြောင်း သိရသည်။ 

ဘာလိုတယ်လီသည် ယခုဖြစ်ရပ်မတိုင်မီ ဝမ်းပျက်ဝမ်းလျောရောဂါတစ်မျိုး ခံစားခဲ့ရသဖြင့် ဇွန်လ (၁၀)ရက်မတိုင်မီအထိ လေ့ကျင့်ခန်းဆင်းနိုင်မည်မဟုတ်ဟု အသင်းထံ ဆေးခွင့်တင်ခဲ့ကြောင်း သိရသည်။ 

ဘာလိုတယ်လီသည် ဇွန်လ (၈)ရက်တွင် မိမိအနေဖြင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းမည်ဟု အသင်းထံ Email ပေးပို့ခဲ့သော်လည်း ဘရက်စီယာအသင်းက ယင်းကဲ့သို့ ပေးပို့ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ကာ ဘာလိုတယ်လီကို ဆေးခွင့်မပြည့်သေးသည့်အတွက် လေ့ကျင့်ရေးကွင်းသို့ အဝင်မခံခဲ့ခြင်းဖြစ်သည်ဟု Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 

ဘရက်စီယာအသင်းသည် အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အီတလီတိုက်စစ်မှူး ဘာလိုတယ်လီအား စာချုပ်ဖျက်သိမ်းရန် အလိုရှိနေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent