လော်တာရိုမာတီနက်ဇ် ထွက်ခွာခဲ့ပါက ထိပ်တန်းကစားသမား ခေါ်ယူပေးမည်ဟု မာရော့တာ ကတိပေး

လော်တာရိုမာတီနက်ဇ် ထွက်ခွာခဲ့ပါက ထိပ်တန်းကစားသမား ခေါ်ယူပေးမည်ဟု မာရော့တာ ကတိပေး
Photos: Getty Images
Photos: Getty Images
Published 9 June 2020

အင်တာမီလန်အသင်းအမှုဆောင်ချုပ် မာရော့တာ အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သာ ထွက်ခွာခဲ့ပါက ၎င်းနေရာတွင် အစားထိုးရန် ထိပ်တန်းကစားသမားတစ်ဦး ခေါ်ယူပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းအမှုဆောင်ချုပ် မာရော့တာ အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သာ ထွက်ခွာခဲ့ပါက ၎င်းနေရာတွင် အစားထိုးရန် ထိပ်တန်းကစားသမားတစ်ဦး ခေါ်ယူပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု မီဒီယာများက ဖော်ပြနေကြသည်။ 

ထို့ကြောင့် အင်တာမီလန်အသင်းအနေဖြင့် လော်တာရိုမာတီနက်ဇ်ကို ၎င်း၏စာချုပ်လျော်ကြေးဖြစ်သည့် ယူရိုသန်း (၁၁၀) ရရှိပါက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရမည်ဖြစ်သည်။ 

မာရော့တာက မိမိတို့အနေဖြင့် လော်တာရိုမာတီနက်ဇ်ကို အသင်းတွင် ဆက်ထိန်းထားလိုသော်လည်း ခက်ခဲကြောင်း ဝန်ခံခဲ့သည်။ 

"ဒီအချိန်မှာ လော်တာရိုမာတီနက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ အရမ်းခက်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ပြန်လည်စတင်တော့မယ့် ယခုရာသီအပေါ်မှာပဲ အာရုံစိုက်ဖို့ မှာထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လော်တာရိုမာတီနက်ဇ်ကို မရောင်းချင်ပါဘူး။ သူက (၂၂)နှစ်ပဲ ရှိသေးလို့ အများကြီးတိုးတက်လာဦးမယ် ကစားသမားပါ။ ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဘာစီလိုနာအနေနဲ့ လော်တာရိုမာတီနက်ဇ်ရဲ့ စာချုပ်လျော်ကြေးကို မပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ လော်တာရိုမာတီနက်ဇ် ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ထိပ်တန်းကစားသမားတစ်ယောက် ကျွန်တော်တို့ ခေါ်ယူသွားမှာပါ"ဟု မာရော့တာက ပြောကြားခဲ့သည်။ 

လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၁)ပွဲတွင် (၁၆)ဂိုး သွင်းယူထားသည်။

Most Read

Most Recent