အီဘာနှင့်ပွဲအတွက် အသင်း၏တိုက်စစ်ပိုင်းတွင် ဘန်ဇီမာ၊ ဟာဇက်နှင့် အဆန်စီယို တို့ (၃)ဦးအား တွဲဖက်သွားရန် ဇီဒန်း ရည်ရွယ်နေကြောင်း စပိန်မီဒီယာများဖော်ပြ

အီဘာနှင့်ပွဲအတွက် အသင်း၏တိုက်စစ်ပိုင်းတွင် ဘန်ဇီမာ၊ ဟာဇက်နှင့် အဆန်စီယို တို့ (၃)ဦးအား တွဲဖက်သွားရန် ဇီဒန်း ရည်ရွယ်နေကြောင်း စပိန်မီဒီယာများဖော်ပြ
Photos : Marca, Tribuna
Photos : Marca, Tribuna
Published 8 June 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်း ပြ ဇီဒန်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဝတ်စုံပြည့်ဖြင့် (၂)သင်းခွဲယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် (၁၁)လအတွင်း ပထမအဆုံးအကြိမ်အဖြစ် ဘန်ဇီမာ၊ ဟာဇက်နှင့် အဆန်စီယိုတို့ (၃)ဦးအား တွဲဖက်ကစားစေခဲ့ပြီး လာမည့် အီဘာအသင်းနှင့်ပွဲအတွက် ရည်ရွယ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယခုခြေစမ်းပွဲအား အီဘာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ဒီစတီဖာနိုကွင်းတွင် ကစားစေခဲ့ခြင်းဖြစ်ပြီး ပွဲနေ့တွင်ယှဉ်ပြိုင်ရမည့် အချိန်၊ ပတ်ဝန်းကျင်အလင်းရောင်နှင့် ထပ်တူညီစေရန် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘန်ဇီမာ၊ ဟာဇက်နှင့် အဆန်စီယိုတို့ (၃)ဦးမှာ အီဘာနှင့်ပွဲနေ့တွင် ဝတ်ဆင်မည့် အိမ်ကွင်းဂျာစီနှင့်ဖြစ်သည့်အတွက် ၎င်းတို့ (၃)ဦးအား ပွဲထုတ်လာဖွယ်ရှိကြောင်း မီဒီယာများ ကဖော်ပြခဲ့သည်။

၎င်းတို့ (၃)ဦးအား နောက်ဆုံးတွဲဖက်ပွဲထွက်စေခဲ့သည်မှာ ပြီးခဲ့သည့်  ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ယှဉ်ပြိုင်ခဲ့သော ဘိုင်ယန်မြူးနစ်အသင်းနှင့် ICC ပွဲစဉ်တွင်ဖြစ်ပြီး ရီးယဲလ်အသင်းမှာ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် အဆန်စီယိုမှာ ကာလရှည်ဒဏ်ရာကြောင့် အသင်းအတွက် ပွဲကစားပေးနိုင်ခြင်း မရှိသလို၊ ဟာဇက်မှာလည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသည်။

ယခုအခါ ၎င်းင်းတို့ (၂)ဦးစလုံး ဒဏ်ရာမှပြန်လည်သက်သာလာပြီး ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်သည့်အတွက် အဓိကတိုက်စစ်မှူး ဘန်ဇီမာနှင့်တွဲဖက်ပေးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent