ဘာမင်ဂမ်မြို့၌ပြုလုပ်သည့် လူ ၄၀၀၀ ပါဝင်သော ဆန္ဒပြပွဲတွင် ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ် ပူးပေါင်းပါဝင်

ဘာမင်ဂမ်မြို့၌ပြုလုပ်သည့် လူ ၄၀၀၀ ပါဝင်သော ဆန္ဒပြပွဲတွင် ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ် ပူးပေါင်းပါဝင်
Published 6 June 2020

ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်း နောက်ခံလူ တိုင်ရုန်းမင်းစ်သည် ဇွန် ၄ ရက် က ဘာမင်ဂမ်မြို့၌ပြုလုပ်သည့် လူ ၄၀၀၀ ပါဝင်သော ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ ကြောင်း သိရသည်။

Black Lives Matter လှုပ်ရှားမှုဖြစ် သည့် ယင်းဆန္ဒပြပွဲကို ဘာမင်ဂမ်မြို့လယ်ရှိ ဗစ်တိုးရီးယားရင်ပြင်၌ ပြုလုပ်ခဲ့ပြီး အင်္ဂလန် လက်ရွေးစင်နောက်ခံလူ တိုင်ရုန်းမင်းစ်က အမည်းရောင်ခေါင်းစွပ်နှင့် နှာခေါင်း စည်းတပ်ဆင်၍ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

တိုင်ရုန်းမင်းစ်သည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ၎င်း၏ဓာတ်ပုံကို Twitter ၌ တင်ထားပြီး ''ဒီနေ့မှာ ခွန်အားနဲ့ စိတ်အားထက်သန်မှုကလွဲလို့ ဘာမှမရှိပါဘူး။ ကိုယ်ယုံကြည်တဲ့အရာပေါ်မှာ မားမားမတ်မတ်ရပ်ဖို့အတွက် ဘာကိုမှ တောင်းပန်နေမှာ မဟုတ်ပါဘူး''ဟု ရေးသားခဲ့သည်။

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့၌ လူဖြူ ရဲအရာရှိတစ်ဦး၏ အင်အားအလွန်အကျွံ သုံး၍ ဖမ်းဆီးမှုကြောင့် အာဖရိကန်-အမေ ရိကန်လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုကြောင့် အဓိကရုဏ်းများလည်း ဖြစ်ပွားနေသည်။

သို့သော် ဘာမင် ဂမ်မြို့ရှိ ဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြောင်း West Midlands ရဲဌာနက ထုတ် ပြန်ခဲ့သည်။

''wqလူပေါင်း ၄၀၀၀ ခန့်ဟာ ယနေ့ ဘာမင်ဂမ်မြို့လယ်ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ပြင်းပြတဲ့ဆန္ဒတဲ့ ကျယ်လောင်စွာအော်ဟစ်ခဲ့လို့ သူတို့ရဲ့အသံကို ပြတ်ပြတ်သားသား ကြားရပါတယ်''ဟု ရဲဌာနက ထုတ်ပြန်သည်။

ဂျော့ချ်ဖလွိုက်သေဆုံးမှုအတွက် လီဗာ ပူးလ်၊ ချယ်လ်ဆီး၊ လက်စတာ၊ ဒေါ့မွန်အသင်း တို့က လေ့ကျင့်ရေးကွင်း၌ ဒူးတစ်ဖက်ထောက်၍ ဆန္ဒထုတ်ဖော်သည့်ဓာတ်ပုံများကို လူမှုမီဒီယာတွင်တင်ခဲ့သလို အားကစားလောကမှ ကြယ်ပွင့်များစွာကလည်း တရားမျှတမှုရရှိရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent