ဂျော့ချ်ဖလွိုက် သေဆုံးမှုအတွက် ကန့်ကွက်ကြောင်းမထုတ်ပြန်သည့် Formula One အဖွဲ့ချုပ်ကို ဟာမီလ်တန် ပြစ်တင်ဝေဖန်

ဂျော့ချ်ဖလွိုက် သေဆုံးမှုအတွက် ကန့်ကွက်ကြောင်းမထုတ်ပြန်သည့် Formula One အဖွဲ့ချုပ်ကို ဟာမီလ်တန် ပြစ်တင်ဝေဖန်
Photos: Getty Images
Photos: Getty Images
Published 3 June 2020

ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်လည်း ဒီရက်ရှော်ဗင်၏ လုပ်ရပ်အတွက် ပြည်သူကို တောင်းပန်သည့်လုပ်ရပ်များကို ပြန်လည်ပြုလုပ်ပေးနေချိန်တွင် ဖော်မြူလာဝမ်း အဖွဲ့ချုပ်က မည်သည့်ထုတ်ပြန်မှုကိုမျှ မပြုလုပ်ခဲ့ခြင်းအတွက် ဟာမီလ်တန်က ပြစ်တင်ဝေဖန်ခဲ့ခြင်းလည်း ဖြစ်သည်။

ဖော်မြူလာဝမ်းပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံဖြစ်သူ လူးဝစ်ဟာမီလ်တန်သည် အမေရိကန်-အာဖရိကန် မျိုးနွယ်တစ်ဦးဖြစ်သူ ဂျော့ချ်ဖလွိုက် သေဆုံးမှုတွင် ယခုအချိန်အထိ တိတ်ဆိတ်နေသည့် ဖော်မြူလာဝမ်းအဖွဲ့ချုပ်အား ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရှိရသည်။

ဂျော့ချ်ဖလွိုက်သည် အမေရိကန်ဒေါ်လာ (၂၀)တန်အတုကို သုံးစွဲခဲ့သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံရချိန် တွင် ဒေသခံရဲဝန်ထမ်းတစ်ဦးဖြစ်သူ ဒီရက်ရှော်ဗင်ကြောင့် သေဆုံးခဲ့သူ ဖြစ်သည်။ ဒီရက်ရှော်ဗင်သည် ဂျော့ချ်ဖလွိုက်အား မြေပြင်တွင် လဲလျောင်ေးစကာ လည်ပင်းအနောက်ပိုင်းကို ဒူးဖြင့်ထောက်ခဲ့ခြင်းကြောင့် ဂျော့ချ်ဖလွိုက်သည် အသက်ရှူရန်ခက်ခဲကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ယင်းလုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စု၏ မြို့ကြီးအတော်များများတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက်ရှိပြီး၊ နာမည်ကျော်အနုပညာရှင်များနှင့် နိုင်ငံတကာဂျာနယ်လစ်များက ဝေဖန်လျက်ရှိသည်။ ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်လည်း ဒီရက်ရှော်ဗင်၏ လုပ်ရပ်အတွက် ပြည်သူကို တောင်းပန်သည့်လုပ်ရပ်များကို ပြန်လည်ပြုလုပ်ပေးနေချိန်တွင် ဖော်မြူလာဝမ်း အဖွဲ့ချုပ်က မည်သည့်ထုတ်ပြန်မှုကိုမျှ မပြုလုပ်ခဲ့ခြင်းအတွက် ဟာမီလ်တန်က ပြစ်တင်ဝေဖန်ခဲ့ခြင်းလည်း ဖြစ်သည်။

ဟာမီလ်တန်က "ကျွန်တော်ကိုယ်တိုင်လည်း လူဖြူတွေ ကြီးစိုးထားတဲ့ အားကစားနည်းမှာ ကစားနေတဲ့ လူမည်းလက်တစ်ဆုပ်စာလောက်ထဲက တစ်ဦးပါ။ ဖော်မြူလာဝမ်းအဖွဲ့ချုပ်ကိုယ်တိုင်က ဒီဖြစ်ရပ်မှာ တိတ်ဆိတ်နေသလို၊ ဖော်မြူလာဝမ်း ကစားသမားတွေဆီက အသံမထွက်တာကို စိတ်ပျက်မိပါတယ်" ဟု ဆိုခဲ့သည်။

Most Read

Most Recent