ရဲအရာရှိတစ်ဦးကြောင့် သေဆုံးခဲ့ရသည့် ဂျော့ချ်ဖလွိုက်၏အသုဘစရိတ်ကို လက်ဝှေ့အကျော်အမော်မေဝယ်သာ ကျခံပေးမည်

ရဲအရာရှိတစ်ဦးကြောင့် သေဆုံးခဲ့ရသည့် ဂျော့ချ်ဖလွိုက်၏အသုဘစရိတ်ကို လက်ဝှေ့အကျော်အမော်မေဝယ်သာ ကျခံပေးမည်
Photos: Getty Images
Photos: Getty Images
Published 3 June 2020

"သူ(မေဝယ်သာ)က ဒီလိုပြောလာလို့ ကျွန်တော်တောင် ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်လို့ တွေးမိပါတယ်။ ဒါပေမဲ့ ဒီအရာက တကယ်ပါ။ အသုဘအတွက် ကုန်ကျစရိတ်ကို သူကျခံပေးသွားမှာဖြစ်ပါတယ်" ဟု  Mayweather Promotions ကုမ္ပဏီ၏အမှုဆောင်ချုပ်ဖြစ်သူ လီယိုနတ်အယ်လာဘီက ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။

လူဖြူရဲအရာရှိတစ်ဦးကြောင့် သေဆုံးခဲ့ရသည့် အာဖရိကန်-အမေရိကန်နွယ်ဖွား  လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်၏အသုဘကုန်ကျစရိတ်ကို အမေရိကန်နာမည်ကြီး လက်ဝှေ့သမား ဖလွိုက်မေဝယ်သာက ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

"သူ(မေဝယ်သာ)က ဒီလိုပြောလာလို့ ကျွန်တော်တောင် ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်လို့ တွေးမိပါတယ်။ ဒါပေမဲ့ ဒီအရာက တကယ်ပါ။ အသုဘအတွက် ကုန်ကျစရိတ်ကို သူကျခံပေးသွားမှာဖြစ်ပါတယ်" ဟု  Mayweather Promotions ကုမ္ပဏီ၏အမှုဆောင်ချုပ်ဖြစ်သူ လီယိုနတ်အယ်လာဘီက ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် မေဝယ်သာဘက်မှ ကမ်းလှမ်းမှုကို ကွယ်လွန်သူ ဂျော့ချ်ဖလွိုက်၏ ကျန်ရစ်သူမိသားစုမှ လက်ခံခဲ့ပြီးဖြစ်သည်ဟု အယ်လာဘီက အတည်ပြုခဲ့သည်။

ဂျော့ချ်ဖလွိုက်၏အသုဘအခမ်းအနားကို လာမည့် ဇွန်လ ၉ ရက်တွင် ဟူစတန်မြို့၌ ပြုလုပ်သွားမည်ဟု ဖလွိုက်မိသားစု၏ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။ ယင်းမတိုင်မီတွင် ကွယ်လွန်သူ ဂျော့ချ်ဖလွိုက်အတွက် အောက်မေ့ ဖွယ်အခမ်းအနားကို ဇွန် ၄ ရက်တွင် မင်နီယာပိုလစ်မြို့နှင့် ဇွန်လ ၆ ရက်တွင် သူမွေးဖွားခဲ့သည့် မြောက်ကယ်ရိုလိုင်းနားတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent