ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် စည်းမျဉ်းပြောင်းလဲမှုများ ရှိလာနိုင်သောကြောင့်ကလပ်အသင်းအချို့၏ သဘောထားကွဲလွဲမှုနှင့် ရင်ဆိုင်ရနိုင်ခြေရှိနေ

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် စည်းမျဉ်းပြောင်းလဲမှုများ ရှိလာနိုင်သောကြောင့်ကလပ်အသင်းအချို့၏ သဘောထားကွဲလွဲမှုနှင့် ရင်ဆိုင်ရနိုင်ခြေရှိနေ
Photos: Getty Images
Photos: Getty Images
Published 3 June 2020

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပြိုင်ပွဲများပြန်လည်စတင်ချိန်တွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များအတွက် VAR ကို အသုံးပြုရန် ဆန္ဒမရှိခြင်းကြောင့်  ကလပ်အသင်းအချို့မှ မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် လက်ကျန်ပြိုင်ပွဲရာသီတွင် VAR အသုံးပြုမှုကို ရပ်ဆိုင်းရန် ပြီးခဲ့သည့်လက ညွှန်းကြားထားခြင်းဖြစ်သည်။ သို့သော် လက်ရှိပြန်လည်ကစားနေသည့် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင်မူ VAR စနစ်ကို ဆက်လက်အသုံးပြုလျက်ရှိသည်။ 

အမှတ်ပေးပြိုင်ပွဲ ပြန်လည်စတင်ချိန် တွင် စည်းမျဉ်းအချို့ ပြောင်းလဲမှုလုပ်ဆောင်ရန် အဆိုပြုမှုများရှိထားသောကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် ကလပ်အသင်းအချို့၏ သဘောထားကွဲလွဲမှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

လူစားဝင်ကစားသမားအရေအတွက်ကို သုံးဦးမှ ငါးဦး၊ ပြီးခဲ့သည့်ဇန်နဝါရီလက  စာရင်းသွင်းခဲ့သည့် ၂၅ ဦးတွင် မပါဝင်ခဲ့သူများကို ပြန်လည်စာရင်းသွင်းရန် ခွင့်ပြုမှု၊ Multi-ball System(အခြားဘောလုံးနှင့် ပွဲကို ချက်ခြင်းပြန်စမည့်စနစ်)ကို မိတ်ဆက်ရန် စသည့်အချက်များအပေါ် ဆန့်ကျင်ရှုတ်ချမှုများ ရှိနေသည်။ 

ထို့ပြင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပြိုင်ပွဲများပြန်လည်စတင်ချိန်တွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များအတွက် VAR ကို အသုံးပြုရန် ဆန္ဒမရှိခြင်းကြောင့်  ကလပ်အသင်းအချို့မှ မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် လက်ကျန်ပြိုင်ပွဲရာသီတွင် VAR အသုံးပြုမှုကို ရပ်ဆိုင်းရန် ပြီးခဲ့သည့်လက ညွှန်းကြားထားခြင်းဖြစ်သည်။ သို့သော် လက်ရှိပြန်လည်ကစားနေသည့် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင်မူ VAR စနစ်ကို ဆက်လက်အသုံးပြုလျက်ရှိသည်။ 

ယင်းအကြောင်းအရာများသည် ဇွန်လ ၄ ရက်တွင် ပြုလုပ်မည့် ကလပ်အသင်းအမှု ဆောင်များအစည်းအဝေးတွင် အကြိတ်အနယ်ဆွေးနွေးရမည့် အဓိကအချက်များ ဖြစ်လာနိုင်ခြေရှိနေသည်။ စည်းမျဉ်းပြောင်းလဲမှုများအတွက် လာမည့်အပတ်တွင် မဲခွဲဆုံးဖြတ်မှု ပြုလုပ်သွားဖွယ်ရှိကြောင်း Daily Mail သတင်းစာက ရေးသားခဲ့သည်။စည်းမျဉ်းပြောင်းလဲရန်အတွက် ပရီးမီးယားလိဂ်ကလပ် ၂၀ သင်းရှိသည့်အနက် ၁၄ သင်း၏ထောက်ခံမှု ရရှိရန် လိုအပ်ကြောင်း သိရသည်။ ကလပ် အသင်းအများအပြားက ငါးဦး လူစားလဲခွင့်ပြုမည့်အစီအစဉ်ကိုထောက်ခံကြပြီး ချယ်လ်ဆီးအသင်းက အရန်ခုံတွင် ကစားသမားခုနစ်ဦးအစား ကိုးဦးအထိ ထားခွင့်ပြုရန် အဆိုပြုထားသည်။ သို့သော် ကစားသမားအင်အားနည်း သည့်အသင်းအချို့ကမူ ယင်းသို့ပြုလုပ်ခြင်းသည် မညီမျှမှုကို ဖြစ်စေသည်ဟုလည်း ယူဆလျက်ရှိသည်။

ပရီးမီးယားလိဂ်ပွဲစဉ်များကို လေးပွဲထက်ပိုပြီး ကြားကွင်းတွင် ကစားသွားမည်မဟုတ်ကြောင်း အဖွဲ့ချုပ်က ကလပ်အသင်းများထံ အသိပေးထားပြီးဖြစ်သည်ဟု Daily Mail က ဖော်ပြခဲ့သည်။ ကြားကွင်းများတွင် ကစားမည့်ပွဲစဉ်များကို အတိအလင်းထုတ် ပြန်ခြင်းမရှိသေးသော်လည်း မန်စီးတီး-နယူးကာဆယ်ပွဲမှာမူ ကြားကွင်းကစားရရန် သေချာသလောက်ရှိနေသည်။ အခြားပွဲစဉ် လေးပွဲမှာလည်း လုံခြုံရေးအခြေအနေကြောင့် ကြားကွင်းတွင် ကစားသွားရန် တောင်းဆို မှုများရှိနေပြီး ယင်းပွဲများမှာ မန်စီးတီး-လီဗာပူးလ်၊ မန်ယူ-ရှက်ဖီးယူနိုက်တက်၊ နယူးကာဆယ်-လီဗာပူးလ်၊ အဲဗာတန်-လီဗာပူးလ် စသည့်ပွဲစဉ်များဖြစ်ကြောင်း သိရသည်။

Most Read

Most Recent