လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၏အနာဂတ် မသေချာဟု နာဂယ်စ်မန်း မှတ်ချက်ပြု

လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၏အနာဂတ် မသေချာဟု နာဂယ်စ်မန်း မှတ်ချက်ပြု
Photo:Getty Images
Photo:Getty Images
Published 3 June 2020

လိုက်ပ်ဇစ်အသင်းအဓိကတိုက်စစ်မှူးဖြစ်သူ ဗာနာ၏အနာဂတ် ဆက်ရှိရန်မသေချာကြောင်း နည်းပြ နာဂယ်စ်မန်းက ကိုလုံးအသင်းအား (၄-၂)ဂိုးဖြင့်အနိုင်ရခဲ့သည့် အဝေး ကွင်းပွဲစဉ်အပြီးတွင် မှတ်ချက်ပြုခဲ့သည်။

လိုက်ပ်ဇစ်အသင်းအဓိကတိုက်စစ်မှူးဖြစ်သူ ဗာနာ၏အနာဂတ် ဆက်ရှိရန်မသေချာကြောင်း နည်းပြ နာဂယ်စ်မန်းက ကိုလုံးအသင်းအား (၄-၂)ဂိုးဖြင့်အနိုင်ရခဲ့သည့် အဝေး ကွင်းပွဲစဉ်အပြီးတွင် မှတ်ချက်ပြုခဲ့သည်။

"ဒီအရာ(ဗာနာ၏အနာဂတ်)နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ လိုက်ပ်ဇစ်မှာ ရှိတဲ့အနေအထား၊ ကျွန်တော်နဲ့ ရှိတဲ့ဆက်ဆံရေး ဒါတွေ သူသိပါတယ်။ သူ့ကို ကျွန်တော် သက်သေပြပြီးသားပါ။ သူဟာ ကိုယ်တိုင်တိုးတက်မှုတွေရဖို့ အခွင့်အရေးများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ ကို နေ့တိုင်းပြောဆိုနေတာတွေဟာ သူ့အတွက်ကူညီမှု ဖြစ်၊ မဖြစ်ကိုတော့ ကျွန်တော် မသိပါဘူး။ ကစားသမားတစ်ယောက်ဟာ ပိုမိုတိုးတက်ဖို့ဆိုတဲ့ ခံစားချက်ရှိပါတယ်။ သူသာ ဒီခံစားမှုမျိုးမရှိရင် ကျွန်တော်က ဒီအသင်းမှာပဲ ဆက်နေဖို့ ပြောနေပေမယ့် ဘာ မှဖြစ်လာမှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာ တော့ သူ၏နေထိုင်မှုဘဝ၊ ကစားသမားဘဝအတွက် သူကိုယ်တိုင်ပဲ အနာဂတ်ကိုဆုံးဖြတ်ရမှာပါ။  ကျွန်တော်ကတော့ တီမို(ဗာနာ)ကို နောက်ထပ်အကြောင်းအရာသစ်တွေ ထပ်ပြောဖို့ လိုတယ်လို့ မယူဆပါဘူး"ဟု နာဂယ်စ်မန်းက ပြောကြားသည်။ 

အသက် (၂၄)နှစ် အရွယ်သာ ရှိသေးသူ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူး ဗာနာသည် ကိုလုံးနှင့်ပွဲတွင် အနိုင်ဂိုး (၁)ဂိုး သွင်းယူပြီးနောက် ၎င်း၏ယခုရာသီ ပြိုင်ပွဲစုံသွင်းဂိုးပေါင်းမှာ (၃၁) ဂိုးအထိ ရှိလာခဲ့သည်။ 

ဗာနာကိုခေါ်ယူရန် လိုက်ပ်ဇစ်၏အဓိကပြိုင်ဘက် ဘိုင်ယန်မြူးနစ်အပါအဝင် ပရီးမီးယားလိဂ်မှ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် မန်ယူအသင်းများက စိတ်ဝင်စားနေပြီး သူ၏စာချုပ်လျော်ကြေးပမာဏမှာ ယူရိုသန်း (၆၀) ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent