ဟာဗက်ဇ်သည် ပရီးမီးယားလိဂ်အသင်းတိုင်းနှင့် အံဝင်နိုင်သူဟု ဟာမန်း ဆို

ဟာဗက်ဇ်သည် ပရီးမီးယားလိဂ်အသင်းတိုင်းနှင့် အံဝင်နိုင်သူဟု ဟာမန်း ဆို
Photo:Getty Images
Photo:Getty Images
Published 2 June 2020

လီဗာပူးလ်နှင့် ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဟာမန်းက လေဗာကူဆင်အသင်းမှ လူငယ်ကြယ်ပွင့် ဟာဗက်ဇ်သည် ပရီးမီးယားလိဂ်အသင်းတိုင်းနှင့် အံဝင်နိုင်သူဖြစ်ပြီး အသင်းတိုင်းကို တိုးတက်စေမည့်သူဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

ဟာဗက်ဇ်သည် ဥရောပထိပ်တန်းအသင်းများစွာ၏ ပစ်မှတ်ထားခံနေရသူဖြစ်ပြီး ယခုနွေရာသီ၌ ထိပ်သီးအသင်းတစ်သင်းသို့ ရောက်ရှိလိမ့်မည်ဟုလည်း ထင်ကြေးပေးခံထားရသည်။ 

ဟာမန်းက "ပရီးမီးယားလိဂ်အသင်းတွေ သူ့ကို စိတ်ဝင်စားနေကြသလို၊ သူကလည်း ဘယ်အသင်းကိုမဆို တိုးတက်စေမယ့်သူပါ"ဟု ပြောကြားခဲ့သည်။

အသက် (၂၀)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်သည် ယခုရာသီပြိုင်ပွဲစုံ (၃၈) ပွဲတွင် (၁၅)ဂိုး သွင်းယူခဲ့သည်။ 

ဟာဗက်ဇ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ယူနှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent