ဒေါ့မွန်နောက်ခံအစွန်လူ ဟာကီမီသည် ဘွန်ဒစ်လီဂါ၏ စွမ်းဆောင်ရည်အချက်အလက်များ စတင်မှတ်တမ်းတင်သည့် ၂၀၁၁-၁၂ ရာသီမှစတွက်ပါက လိဂ်၏အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရသည်။
ဒေါ့မွန်နောက်ခံအစွန်လူ ဟာကီမီသည် ဘွန်ဒစ်လီဂါ၏ စွမ်းဆောင်ရည်အချက်အလက်များ စတင်မှတ်တမ်းတင်သည့် ၂၀၁၁-၁၂ ရာသီမှစတွက်ပါက လိဂ်၏အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရသည်။
အသက်(၂၁)နှစ်အရွယ်ရှိ မော်ရိုကိုနောက်ခံလူ ဟာကီမီသည် ဒေါ့မွန်(၃-၃)လိုက်ပ်ဇစ်ပွဲတွင် တစ်နာရီ(၂၂.၅)မိုင်နှုန်းဖြင့်ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် စတင်ပါဝင်ခဲ့သူဖြစ်သည်။
၎င်းသည် ဘွန်ဒစ်လီဂါပွဲစဉ်(၂၀)အဖြစ် ကစားခဲ့သည့် ဒေါ့မွန်(၅-ဝ)အူန်ယွန်းဘာလင်ပွဲတွင်မူ တစ်နာရီ(၂၂.၇)မိုင်နှုန်းပြေးလွှားကာ ပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟာကီမီသည် ၂၀၁၈ ခုနှစ်မှစကာ ရီးယဲလ်အသင်းမှ ဒေါ့မွန်အသင်းသို့ (၂)ရာသီ အငှားစာချုပ်ဖြင့် လာရောက်ကစားနေသူဖြစ်သည်။
ဒေါ့မွန်အသင်းသည် အသင်းတွင် ခြေစွမ်းပြနေသည့် ဟာကီမီအား အပြီးသတ်ခေါ်ယူရန် စီစဉ်နေသော်လည်း ရီးယဲလ်အသင်းက လက်ခံဖွယ်မရှိကြောင်း သိရသည်။
ဟာကီမီ၏ အေးဂျင့်ဖြစ်သူကမူ ဟာကီမီ၏ ရည်မှန်းချက်မှာ ရီးယဲလ်အသင်းတွင် ကစားရေးဖြစ်ကြောင်း ပြောကြားထားသည်။