ပုံမှန်ကစားခွင့်မရသူ မိန့်လန်းနိုင်းစ်  အာဆင်နယ်အသင်းကို စွန့်ခွာတော့မည်

ပုံမှန်ကစားခွင့်မရသူ မိန့်လန်းနိုင်းစ်  အာဆင်နယ်အသင်းကို စွန့်ခွာတော့မည်
Photos: Getty Images
Photos: Getty Images
Published 27 May 2020

အသက် (၂၂)နှစ်အရွယ်ရှိသူ မိန့်လန်းနိုင်းစ် သည် လက်ရှိအာဆင်နယ်အသင်းနည်းပြ အာတီတာ၏လက်အောက်တွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ (၅)ပွဲ သာ ပွဲထွက်ခွင့်ရရှိခဲ့သည်။ 

အာဆင်နယ်အသင်း၏ လူငယ်ကစားသမားတစ်ဦးဖြစ်သူ အင်္ဂလန်ယူ-၂၁ တောင်ပံ ကစားသမားဟောင်း မိန့်လန်းနိုင်းစ်သည် အသင်းအားစွန့်ခွာတော့မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Athletic ကဖော်ပြခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိသူ မိန့်လန်းနိုင်းစ် သည် လက်ရှိအာဆင်နယ်အသင်းနည်းပြ အာတီတာ၏လက်အောက်တွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ (၅)ပွဲ သာ ပွဲထွက်ခွင့်ရရှိခဲ့သည်။ 

ယခင်နည်းပြ အူ နိုင်းအမ်မရီ၏လက်အောက်တွင် တစ်ရာသီ အတွင်း ပွဲ(၃၀)အထိကစားခွင့်ရရှိခဲ့သော မိန့်လန်းနိုင်းစ်သည် အာတီတာ၏လက်အောက်တွင် မကစားလိုတော့ဘဲ လာမည့်နွေရာသီ၌ အသင်းပြောင်းရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း The Athletic ကဖော်ပြခဲ့သည်။ 

မိန့်လန်းနိုင်းစ်သည် အာဆင်နယ်အသင်းတွင် အသက် (၆)နှစ်အရွယ်ကတည်းက လူငယ်ကစားသမားအဖြစ် ကစားခဲ့သူဖြစ်သည်။

Most Read

Most Recent