၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ပြည်တွင်းဘဏ်များ၌ စုစုပေါင်းအပ်ငွေ ကျပ် ၄၇၈၆၅ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရသက်တမ်း ၄၂ လအတွင်း ဘဏ်အပ်ငွေ ကျပ် ၂၁၉၈၃ ဘီလျံကျော် မြင့်တက်

၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ပြည်တွင်းဘဏ်များ၌ စုစုပေါင်းအပ်ငွေ ကျပ် ၄၇၈၆၅ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရသက်တမ်း ၄၂ လအတွင်း ဘဏ်အပ်ငွေ ကျပ် ၂၁၉၈၃ ဘီလျံကျော် မြင့်တက်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲ တစ်ခု၏ လုပ်ငန်းခွင်တစ်နေရာတွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲ တစ်ခု၏ လုပ်ငန်းခွင်တစ်နေရာတွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 26 May 2020
စည်သူအောင်

၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ပြည်တွင်းဘဏ်များတွင် စုစုပေါင်း အပ်ငွေပမာဏ (Total Deposits) ကျပ် ၄၇၈၆၅ ဘီလျံ ကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံ ကျော်ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း ၄၂ လအတွင်းတွင် ဘဏ်အပ်ငွေပမာဏ ကျပ်  ၂၁၉၈၃ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume III) အရ သိရ သည်။

ဘဏ္ဍာနှစ်အလိုက်ဖော်ပြသော စုစုပေါင်း အပ်ငွေပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၁၀ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၇၃၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၂၉၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၉၉၁၉ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ကျပ် ၂၅၈၈၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂၁၁၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကျပ် ၃၃၃၅၂ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၇၃၄၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၄၀၄၀၂ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၄၁၆၄၃ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၄၂၄၄၉ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ကျပ် ၄၃၂၂၆ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ကျပ် ၄၅၁၄၀ ဘီလျံ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၄၇၈၆၅ ရှိခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ၌ နိုင်ငံပိုင် ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၇၈၆၅ ဘီလျံကျော်ရှိပြီး ယခင်သုံး လနှင့် နှိုင်းယှဉ် ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၉၆၄ ဘီလျံကျော်၊ ပုဂ္ဂ လိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၁၇၇၈ ဘီလျံကျော် မြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ် စက် တင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံ ထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ ဘီ လျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခု နှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ်  ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၄၁ ဒသမ ၇၀၂ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ၁၀၈၇၈ ဒသမ ၆၂၄ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ၁၀၈၆၁ ဒသမ ၀၈၇ ဘီလျံ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၁၁၈၀၇ ဒသမ ၇၀၄ ဘီလျံတို့ ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ် စက် တင်ဘာအထိ ပုဂ္ဂလိကဘဏ်များတွင် အပ် နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီ လျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခု နှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈  ဒသမ ၈၃၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၁၁၂၉ ဒသမ ၈၄၆ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၁၈၀၇ ဒသမ ၅၁၂ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ကျပ် ၃၂၃၄၇ ဒသမ ၇၁၅ ဘီလျံ၊ ၂၀၁၉ ခုနှစ် ဇွန်တွင် ၃၄၂၇၉ ဒသမ ၂၃၈ ဘီလျံ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၆၀၅၇ ဒသမ ၉၅၄ ဘီလျံတို့ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင်ရှိသော ဘဏ်အပ်ငွေ စုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၉၂၉ ဒသမ ၀၈၀ ဘီလျံမြင့်တက်ခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ကျပ် ၃၇၁၀ ဒသမ ၂၃၈ ဘီလျံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခု ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိကဘဏ်ခွဲပေါင်း  ၁၈၀၀ ကျော်ဖွင့်လှစ်ပြီး ဖြစ်သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရငွေချေး သက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေး လွယ်ကူမှုအချိုး ဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစား ခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလ တစ်ကြိမ် ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်း နှင့် အာမခံအမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်သည်။

Most Read

Most Recent