စီမံကိန်းများ ချမှတ်ရာတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထိရောက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအား အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်မည့်စီမံကိန်းများကို ဦးစားပေးဖော်ဆောင်သင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ မှတ်ချက်ပြု

စီမံကိန်းများ ချမှတ်ရာတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထိရောက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအား အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်မည့်စီမံကိန်းများကို ဦးစားပေးဖော်ဆောင်သင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ မှတ်ချက်ပြု
Published 23 May 2020
အောင်မင်းသိန်း

စီမံကိန်းများ ချမှတ်ရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် ထိရောက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်မည့် စီမံကိန်းများကို ဦးစားပေးဖော်ဆောင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားသည်ကို အစီရင်ခံစာအရ သိရသည်။

 မေ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၂၀) တွင် အထက်ပါကဲ့သို့ ဖော်ပြပါရှိခြင်းဖြစ်သည်။

“ စီမံကိန်းများ ချမှတ်ရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် ထိရောက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်မည့် စီမံကိန်းများကို ဦးစားပေး ဖော်ဆောင်သင့်ကြောင်း သဘောထား မှတ်ချက်ပြုပါသည်” ဟု အစီရင်ခံစာတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပြုထားသည်။

ဝန်ကြီးဌာနအလိုက် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နိုင်မှုအခြေအနေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း၏ နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှုတွင် ပြည်ထောင်စုဝန်ကြီးဌာန ခြောက်ခုမှလုပ်ငန်း စီမံကိန်းများအတွက် ကျပ် ၁၉၃၁ ဒသမ ၂၈၄ ဘီလျံကျော် လျာထားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလကုန် (ယာယီ) စာရင်းအရ လုပ်ငန်းစီမံကိန်းများ၏ စုစုပေါင်း အသုံးစရိတ် ၁၃၀၈ ဒသမ၂၇၄ ဘီလျံကျော် သုံးစွဲနိုင်ခဲ့သဖြင့် ၆၇ ဒဿမ ၇၄ ရာခိုင်နှုန်းသာ သုံးစွဲဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

အမျိုးသားစီမံကိန်း လျာထားချက်အပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၈၂ ဒသမမ ၆၂ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၅၂ ဒသမ ၄၇ ရာခိုင်နှုန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၇၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ယခင်စက်မှုဝန်ကြီးဌာ) မှ ၉၃ ဒသမ ၁၈ ရာခိုင်နှုန်း သုံးစွဲနိုင်ကြောင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းစီမံကိန်းခုနစ်ခုအတွက် လုပ်ငန်းလိုအပ်ချက်အရ ဖြည့်စွက်ရန်ပုံငွေ ထပ်မံတောင်းခံ ဆောင်ရွက်မှုကြောင့် လျာထားချက်ထက် ကျော်လွန်သုံးစွဲနိုင်ခဲ့သည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသန္တရစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  အောက်တိုဘာလမှ စက်တင်ဘာလကုန် (ယာယီ) အထိ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့သည် စီမံကိန်းရည်မှန်းချက်ထက် ကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေတို့သည် စီမံကိန်းရည်မှန်းချက်အပေါ် ၉၀ ရာခိုင်နှုန်းနှင့်အထက်၊ ချင်းပြည်နယ်တွင် စီမံကိန်းရည်မှန်းချက်၏ ၈၆ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းအရ ကျပ် ၁၀၆၀၉၆ ဒသမ ၃၃၅ ဘီလျံကျော်နှင့် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလကုန် (ယာယီ) အထိ ကျပ် ၁၀၅၂၅၈ ဒသမ ၅ ဘီလျံကျော် ရရှိခဲ့သဖြင့် စီမံကိန်းရည်မှန်းချက်အပေါ် ၉၉ ဒသမ ၂ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပုံမှန်စျေးနှုန်းအရ ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဖော်ပြပါရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း အောက်တိုဘာမှ စက်တင်ဘာလကုန် (ယာယီ) အထိ အကောင်အထည်ဖော်မှုသည် နိုင်ငံတော်ကပြောင်းလဲကျင့်သုံးခဲ့သည့် ဘဏ္ဍာနှစ်ကာလ၏ ပထမဆုံးဘဏ္ဍာနှစ်ကို အကောင်အထည်ဖော်ရသည့် ကာလဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စီမံကိန်းရည်မှန်းချက်အပေါ် ၉၉ ဒသမ ၂ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ပုံမှန်စျေးနှုန်းအရ ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း အစီရင်ခံစာအပေါ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သုံးသပ်တင်ပြချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent