COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံသမ္မတတို့ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေး

COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံသမ္မတတို့ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေး
  ယခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်ပင်းနှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံး)
ယခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်ပင်းနှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံး)
Published 21 May 2020
မင်းနိုင်စိုး

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ဆေးပစ္စည်းများနှင့် ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ မေ ၂၀ ရက် ညနေပိုင်းတွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းများနှင့် ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေးကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အခြေခံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး ကိစ္စများသည်လည်း နှစ်နိုင်ငံသမ္မတများ၏ ဆက်သွယ်ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ သမ္မတရှီကျင်ပင်း၏ ယခုနှစ်ဦးပိုင်းက လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းများကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် COVID-19 ကပ်ရောဂါအခြေအနေ တည်ငြိမ်လာသည့်အခါ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် လည်ပတ်ရေးကိစ္စရပ်တို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများကို COVID-19 အခြေအနေတည် ငြိမ်လာသည့်အခါ ကျင်းပသွားနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် COVID-19 ထိန်းချုပ်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို နှစ်နိုင်ငံသမ္မတတို့က ဆွေးနွေးခဲ့ကြကြောင်းလည်း နိုင်ငံတော်သမ္မတရုံး၏  သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 

Most Read

Most Recent