အာဆင်နယ်အသင်းတွင် မိမိတည်ဆောက်ခဲ့သည့် ရိုးရာဟန်ပျောက်ဆုံးလာသည်ကို စိုးရိမ်မိသည်ဟု ဝင်းဂါး ဆို

အာဆင်နယ်အသင်းတွင် မိမိတည်ဆောက်ခဲ့သည့် ရိုးရာဟန်ပျောက်ဆုံးလာသည်ကို စိုးရိမ်မိသည်ဟု ဝင်းဂါး ဆို
Published 12 May 2020

အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြဟောင်းနှင့် လက်ရှိအချိန်တွင် ဖီဖာ၏ နိုင်ငံတကာဘောလုံးဖွံ့ဖြိုးတိုးတက်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အာစင်ဝင်းဂါးက လက်ရှိအာဆင်နယ်အသင်းတွင် မိမိတည်ဆောက်ခဲ့သည့် ရိုးရာဟန်ပျောက်ဆုံးလာသည်ကို စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်း၏ နောက်ပိုင်းနှစ်များတွင် အောင်မြင်မှု များနှင့် ဝေးကွာခဲ့သော်လည်း အသင်းအတွက် အမှတ်ပေးချန်ပီယံဆု (၃)ကြိမ်ယူပေးခဲ့ ဖူးသည့်အပြင် အာဆင်နယ်အသင်း၏ ကစားဟန်ကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် ပရိိသတ်များစွာ ပိုင်ဆိုင်ခဲ့သည်။

ဝင်းဂါးသည် နောက်ပိုင်းနှစ်များတွင် ပရိသတ်များ၏ ကန့် ကွက်ဆန္ဒပြမှုဂယက်များကြောင့် အသင်းနှင့် လမ်းခွဲခဲ့ရသော်လည်း အာဆင်နယ်ပွဲစဉ် တိုင်းနီးပါးကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၀န်ခံခဲ့သည်။

ထို့ပြင် ၎င်းက လက်ရှိ အာဆင်နယ်အသင်း၏ အနေအ ထားအတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး၊ အာတီတာလက်ထက်တွင် ပုံစံကောင်းပြန် ရရန် မျှော်လင့်နေသည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent