လစာမပေးချေနိုင်သည့် စီးရီးအေအသင်း အနည်းဆုံး(၆)သင်း ရှိနေ

လစာမပေးချေနိုင်သည့် စီးရီးအေအသင်း အနည်းဆုံး(၆)သင်း ရှိနေ
Published 11 May 2020

ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ လစာမပေးချေနို်င်သည့် စီးရီးအေကလပ်အသင်း အနည်းဆုံး (၆)သင်းရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

 ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဂျူဗင်တပ်စ်နှင့် ရိုးမားအပါအဝင် စီးရီးအေအသင်းများစွာသည် ကစားသမားလစာငွေလျှော့ချရမှုများရှိခဲ့သည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမတိုင်မီကတည်းက စီးရီးအေအသင်းအချို့တွင် ကစားသမားများအတွက် လစာပေးချေရန် အခက်အခဲရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လစာငွေလျှော့ချခြင်းမှာ ဆီမီးပရိုအသင်းများနှင့် အမျိုးသမီးလိဂ်မှအသင်းများအတွက် ရန်ပုံငွေရရှိစေရန်အတွက်ဖြစ်သည်ဟု စီးရီးအေအသင်းတာဝန်ရှိသူများ ကြွေးကြော်ထားမှုမှာလည်း သံသယဝင်ချင်စရာ ပိုကောင်းလာသည်။

La Repubblica သတင်းစာ၏ ဖော်ပြချက်အရ အနည်းဆုံးစီးရီးအေအသင်း (၆)သင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လအတွက် ကစားသမားလစာငွေများ ပေးချေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လအတွွင်းမှစတင်၍ စီးရီးအေပြိုင်ပွဲရပ်နားခဲ့ရပြီးနောက် စီးရီးအေအသင်းအများစုသည် မတ်လမှ ဇွန်လအထိ လစာငွေများလျှော့ချထားခြင်းဖြစ်သည်။