ပရီးမီးယားလိဂ်အသင်းများက စိတ်ဝင်စားနေသည့် နောက်ခံလူ ကူလီဘလီကို ပေါင်သန်း(၉၀)မရဘဲ နာပိုလီ ရောင်းထုတ်မည်မဟုတ်

ပရီးမီးယားလိဂ်အသင်းများက စိတ်ဝင်စားနေသည့် နောက်ခံလူ ကူလီဘလီကို ပေါင်သန်း(၉၀)မရဘဲ နာပိုလီ ရောင်းထုတ်မည်မဟုတ်
Photos: Getty Images
Photos: Getty Images
Published 6 May 2020

ကူလီဘလီသည် နာပိုလီအသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး စီးရီးအေ၏အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ၎င်းအား မန်ယူအသင်းက ကာလရှည် ပစ်မှတ်ထားခဲ့ဖူးသလို၊ လီဗာပူးလ်နှင့် နယူးကာဆယ်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

 

နာပိုလီအသင်းသည် ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ၎င်းတို့အသင်း၏ ဆီနီဂေါနောက်ခံလူ ကူလီဘလီအား အနည်းဆုံး ပေါင်သန်း(၉၀) မရဘဲ ရောင်းထုတ်ရန် စဉ်းစားမည်မဟုတ်ကြောင်း သိရှိရသည်။ 

ကူလီဘလီသည် နာပိုလီအသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး စီးရီးအေ၏အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ၎င်းအား မန်ယူအသင်းက ကာလရှည် ပစ်မှတ်ထားခဲ့ဖူးသလို၊ လီဗာပူးလ်နှင့် နယူးကာဆယ်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

သို့ရာတွင် နာပိုလီအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က ကူလီဘလီသည် အသင်း၏အဓိကကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်သည်ဟုဆိုကာ အနည်းဆုံး ပေါင်သန်း(၉၀) မရဘဲ ရောင်းထုတ်ရန်စဉ်းစားမည်မဟုတ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

ကူလီဘလီကိုယ်တိုင်ကမူ ပရီးမီးယားလိဂ်အသင်းများထက် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကဲ့သို့ အသင်းများကို ပို်မိုပြောင်းရွှေ့လိုနေသည်ဟု သိရှိရသည်။ 

 

Most Read

Most Recent