ရာသီသစ် ပြန်စရန်အဆိုပြုပါက ပရီးမီးယားလိဂ် အသင်း (၁၄)သင်း၏ ထောက်ခံမဲလိုအပ်နေ

ရာသီသစ် ပြန်စရန်အဆိုပြုပါက ပရီးမီးယားလိဂ် အသင်း (၁၄)သင်း၏ ထောက်ခံမဲလိုအပ်နေ
Photos: Getty Images
Photos: Getty Images
Published 6 May 2020

အသင်းငယ်များမှာမူ တန်းဆင်းစနစ်မထားဘဲ လိဂ်ချန်ပီယံရှစ်မှ (၂)သင်း၊ သို့မဟုတ် (၃)သင်းတန်းတက်စေကာ လာမည့်ရာသီတွင် (၂၂)သင်း၊ သို့မဟုတ် (၂၃)သင်းကစားစေမည့်စနစ်ဖြင့် သွားစေလို နေပြီး ယခုအစီအစဉ်ကိုလည်း ကန့်ကွက်လိုနေသည်ဟု သိရှိရသည်။ 

 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဇွန်လ (၁၂)ရက်နေ့တွင် ရာသီသစ်ကို ပြန်စရန်အဆိုပြုပါက ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀)အနက် (၁၄)သင်း၏ ထောက်ခံမဲကို လိုအပ်နေကြောင်း သိရှိရသည်။ 

မည်သည့်နည်းဖြင့်ဖြစ်စေ လိဂ်ပြိုင်ပွဲကို ပြန်စစေလိုသည့် ကလပ်အသင်းများနှင့် ရာသီပြန်မစလိုသည့် အသင်းများအကြား အငြင်းပွားမှုများ ရှိနေသည့် အခြေအနေများရှိနေသည်ဟု သတင်းများကဆိုနေကြပြီး၊ အထူးသဖြင့် အသင်းကြီးများသည် ရာသီသစ်ကို မဖြစ်မနေ ပြန်စလိုနေကြသည်။ 

အသင်းငယ်များမှာမူ တန်းဆင်းစနစ်မထားဘဲ လိဂ်ချန်ပီယံရှစ်မှ (၂)သင်း၊ သို့မဟုတ် (၃)သင်းတန်းတက်စေကာ လာမည့်ရာသီတွင် (၂၂)သင်း၊ သို့မဟုတ် (၂၃)သင်းကစားစေမည့်စနစ်ဖြင့် သွားစေလို နေပြီး ယခုအစီအစဉ်ကိုလည်း ကန့်ကွက်လိုနေသည်ဟု သိရှိရသည်။ 

လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ အသင်း(၂၀) အနက် ဇွန် (၁၂)ရက်တွင် ပြန်စမည့်အစီအစဉ်ကို ထောက်ခံသည့်အသင်း (၁၃)သင်း၊ ကန့်ကွက်သည့် အသင်း (၆) သင်းနှင့် မဆုံးဖြတ်ရသေးသည့်အသင်းတစ်သင်း ရှိနေသည်ဟု သိရှိရသည်။ 

 

Most Read

Most Recent