ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီမှာ အသက် ၄၀ အရွယ်ရောက်သည်အထိ ဘောလုံးကစားသွားနိုင်ခြေရှိသည်ဟု အသင်းဖော်ဟောင်း ဇာဗီ မှတ်ချက်ပြု

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီမှာ အသက် ၄၀ အရွယ်ရောက်သည်အထိ ဘောလုံးကစားသွားနိုင်ခြေရှိသည်ဟု အသင်းဖော်ဟောင်း ဇာဗီ မှတ်ချက်ပြု
Photos: Getty Images
Photos: Getty Images
Published 6 May 2020

"သူ့(မက်ဆီ)အတွက် အရမ်းကောင်းတဲ့ ဘောလုံးရာသီက ငါးရာသီ ဒါမှမဟုတ် ခုနစ် ရာသီလောက်ရှိခဲ့တယ်။ သူဟာ သူ့ကိုယ်သူ ဂရုတစိုက်ရှိပါတယ်။ အသက် ၃၇၊ ၃၈၊ ၃၉ လောက်အထိ သူ ဘောလုံးဆက်ကစားနိုင်ပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ သူ ပါဝင်ကစားပါလိမ့်မယ်။ ကျွန်တော့်အမြင်အရ ဒါက သေချာပါတယ်"ဟု ဇာဗီက ပြောကြားခဲ့သည်။ ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် မက်ဆီသည် ဘောလုံးပွဲများမရပ်နားမီအထိ ယခုရာ သီအတွင်း ပြိုင်ပွဲစုံ ၂၄ ဂိုးအထိ သွင်းယူထားခဲ့သည်။

 

ဘာစီလိုနာအသင်းခေါင်းဆောင် မက် ဆီသည် အသက် ၄၀ အရွယ်အထိ ဘောလုံး ကစားသွားနိုင်သည်ဟု အသင်းဖော်ဟောင်း ဖြစ်သူ ဇာဗီက ပြောကြားခဲ့သည်။ လက်ရှိတွင် ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသည့် ဇာဗီမှာ ဘာစီလိုနာတိုက်စစ်မှူး အီတူးနှင့် Instsgram တွင် စကားစမြည်ပြောစဉ် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

"သူ့(မက်ဆီ)အတွက် အရမ်းကောင်းတဲ့ ဘောလုံးရာသီက ငါးရာသီ ဒါမှမဟုတ် ခုနစ် ရာသီလောက်ရှိခဲ့တယ်။ သူဟာ သူ့ကိုယ်သူ ဂရုတစိုက်ရှိပါတယ်။ အသက် ၃၇၊ ၃၈၊ ၃၉ လောက်အထိ သူ ဘောလုံးဆက်ကစားနိုင်ပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ သူ ပါဝင်ကစားပါလိမ့်မယ်။ ကျွန်တော့်အမြင်အရ ဒါက သေချာပါတယ်"ဟု ဇာဗီက ပြောကြားခဲ့သည်။ ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် မက်ဆီသည် ဘောလုံးပွဲများမရပ်နားမီအထိ ယခုရာ သီအတွင်း ပြိုင်ပွဲစုံ ၂၄ ဂိုးအထိ သွင်းယူထားခဲ့သည်။ ဇာဗီမှာလည်း ဘာစီလိုနာကို နည်းပြ အဖြစ်ပြန်လာနိုင်သည့် အခြေအနေရှိနေပြီး အသင်းဖော် မက်ဆီနှင့် ပြန်လည်ဆုံတွေ့နိုင် ဖွယ်ရှိနေသည်။ 

ဇာဗီသည်  ပြီးခဲ့သည့်ဇန်နဝါ ရီလက ဘာစီလိုနာအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းပယ်ခဲ့ရသည့်အကြောင်းကို ပြန်လည်ရှင်းပြခဲ့သည်။ "ဘာစီလိုနာအသင်းကို နည်းပြဖို့က ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။ ဒါပေမဲ့ ဇန်နဝါရီမှာ ကမ်းလှမ်းခဲ့တာက အချိန်ကောင်းမဟုတ်ခဲ့ပါဘူး။ ကျွန်တော့် အတွက် အတွေ့အကြုံလည်း လိုနေပါသေး တယ်။ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ဖူးသလို ပဲ တစ်နေ့နေ့မှာတော့ ဘာစီလိုနာနည်းပြအ ဖြစ် ဆောင်ရွက်သွားချင်ပါတယ်။ လက်ရှိ နည်းပြ ဆယ်တီယန်ကိုလည်း ကျွန်တော် သဘောကျပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဇာဗီက ဘာစီလိုနာအသင်းသို့ နေမာ ပြန်လည်ရောက်ရှိလာခြင်းကို တွေ့မြင် လိုသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ " ဘောလုံးလောကကို ချင့်ချိန်တွက်ဆရင် သူ(နေမာ) ဟာ ထိပ်တန်းဘောလုံးသမား သုံးဦး ဒါမှမ ဟုတ် ငါးဦးစာရင်းဝင်ပါတယ်။ ဒါဟာ သံသယရှိစရာ မလိုပါဘူး။ သူဟာ ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်သူပါ။ ဘာစီလိုနာကို သူ ပြန်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်ဟာ ဘာစီလိုနာပရိသတ်တစ်ယောက်ဖြစ်ပြီး အသင်းမှာ အကောင်းဆုံးကစားသမားတွေကို ရှိနေချင်ပါတယ်" ဟု ဇာဗီက နေမာနှင့်ပတ်သက်ပြီး သူ၏အမြင်ကို ဖွင့်ဟခဲ့သည်။ သို့ သော် ဘာစီလိုနာအသင်းအနေဖြင့် ဗိုင်းရပ်စ်ဂယက်ကြောင့် ဘဏ္ဍာရေးပြဿနာများရှိနေချိန်တွင် နေမာကို ပြန်လည်ခေါ်ယူနိုင်ရန် မလွယ်ကြောင်း သိရသည်။

 

Most Read

Most Recent