ပွဲပြန်ကစားရန်ပြင်ဆင်မှုတွင် ကစားသမားများ စိတ်လှုပ်ရှားနေဟု ယာဂန်ကလော့ပ်  မှတ်ချက်ပြု

ပွဲပြန်ကစားရန်ပြင်ဆင်မှုတွင် ကစားသမားများ စိတ်လှုပ်ရှားနေဟု ယာဂန်ကလော့ပ်  မှတ်ချက်ပြု
Photos: Getty Images
Photos: Getty Images
Published 6 May 2020

လီဗာပူးလ်အသင်းကစားသမားများမှာ ဘောလုံးပွဲများပြန်လည်ကစားရန်အတွက် ပြင်ဆင်မှုလုပ်ရာတွင် (၅)နှစ်၊ (၆)နှစ်သား အရွယ်များကဲ့သို့ အလွန်အမင်းစိတ်လှုပ်ရှားနေသည်ဟု အသင်းနည်းပြ ယာဂန်ကလော့ပ်က မှတ်ချက်ပြုသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ်လကတည်းက ရပ်နားထားခဲ့ရပြီး ယခုအခါ ဇွန်လအစောပိုင်းတွင် ပြန်လည်ကစားရန် စီစဉ်နေကြကြောင်း သိရသည်။ 

ကလော့ပ်က "ကစားသမားတွေဟာ လေ့ကျင့်တာတွေ များများလုပ်ရဖို့ရှိပါတယ်။ ကျွန်တော်တို့အားလုံး ဘောလုံးပွဲတွေပြန်ကစားဖို့ မျှော်လင့်နေပြီး ရုပ်ပိုင်းဆိုင်ရာတွေ လုပ်ဆောင်ရမှာပါ။ ဘယ်အချိန် ပွဲပြန်ကန်ရမလဲဆိုတာ ကျွန်တော် တိတိကျကျမသိပါဘူး။  ဒါပေမဲ့ ကျွန်တော့်ကောင်လေးတွေ ဘာတွေလုပ်ရမလဲဆိုတာတွေအတွက် ပြင်ဆင်ရမှာပါ။ ကျွန်တော်တို့ အတူတကွပြန်လာခဲ့ရင် ရှိရမယ့်အကောင်းဆုံးအနေအထား ရောက်အောင် လုပ်ဆောင်ရမှာဖြစ်တယ်။ ကစားသ မားတွေကို အိမ်မှာပဲလေ့ကျင့်ဖို့ ပြောလိုက် ချိန်မှာ သူတို့တွေ ဘောလုံးကစားတာဟာ (၅)နှစ်၊ (၆)နှစ်သား ကောင်လေးတွေလို ဖြစ်နေတယ်။ ဒီအနေအထားကနေ ကွင်းထဲမှာ အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်တို့ ပြောင်းလဲအောင် ကြိုးစားရပါလိမ့်မယ်"ဟု NBC Sports သို့ ပြောကြားခဲ့သည်။ 

့ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်ကစားရေးနှင့် ပတ်သက်ပြီး မေလ (၆)ရက် (ယနေ့)တွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်နှင့် အစိုးရတာဝန်ရှိသူများ၊  ကျန်းမာရေးအကြီးအကဲများ အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily က ဖော်ပြခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်လက်ကျန်ပွဲများအနက် (၂)ပွဲအနိုင်ကစားရုံဖြင့် ချန်ပီယံဖြစ်မည်ဖြစ်သည်။

Most Read

Most Recent