တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူများကို ဗယ်လာဒိုလစ်အသင်း ငွေပြန်အမ်းပေးမည်

တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူများကို ဗယ်လာဒိုလစ်အသင်း ငွေပြန်အမ်းပေးမည်
Photos: Getty Images & Marca
Photos: Getty Images & Marca
Published 6 May 2020

လာလီဂါကလပ် ဗယ်လာဒိုလစ်အသင်းသည် တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသည့် ပရိသတ်များကို ငွေပြန် အမ်းပေးသွားမည်ဟု တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ကာ အသိပေးခဲ့သည်။ 

လာလီဂါကလပ် ဗယ်လာဒိုလစ်အသင်းသည် တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသည့် ပရိသတ်များကို ငွေပြန် အမ်းပေးသွားမည်ဟု တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ကာ အသိပေးခဲ့သည်။ 

ဗယ်လာဒိုလစ်အသင်းသည် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ပိုင်ဆိုင်သည့်အသင်းဖြစ်ပြီး ယခုရာသီတွင် အမှတ်ပေးဇယားအဆင့်(၁၅) နေရာ၌ ရပ်တည်နေသည်။ 

လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ခဲ့ပါက ကွင်းပိတ်ကစားသွားရမည်ဖြစ်၍ လက်ကျန်အိမ်ကွင်းပွဲစဉ်များ အတွက် လက်မှတ်ဖိုးကျသင့်ငွေကို တွက်ချက်ကာ ပြန်အမ်းပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဗယ်လာဒိုလစ်အသင်းသည် လာလီဂါပြိုင်ပွဲ၌ ဆက်လက်ရှင်သန်ခွင့်ရရန် ရုန်းကန်ရဦးမည်ဖြစ်သော်လည်း ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းအတွက် ချီးကျူးခံနေရပြီး ပရိသတ်များကို ပြန်ကြည့်ပေးသည့် ပထမဆုံးလာလီဂါအသင်းအဖြစ်လည်း ဖော်ပြနေကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မတ်လကတည်းက ရပ်နားထားခဲ့ရသည့် ယခုရာသီ လာလီဂါပြိုင်ပွဲကို ဇွန်လအစောပိုင်းတွင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် တာဝန်ရှိသူများက စီစဉ်နေကြကြောင်း  သိရသည်။