ပရီးမီးယားလိဂ်ဘောလုံးပွဲများ ဘေးကင်းလုံခြုံစွာ ပြန်လည်ကစားနိုင်ရေး အဓိက အစီအစဉ်များနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် အစိုးရအာဏာပိုင်များ၊ ကျန်းမာရေးအကြီးအကဲများနှင့် ယနေ့အပြီး သတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ် ကိုယ်စားလှယ်များသည် ပြီးခဲ့သည့်သောကြာနေ့က အဆိုပါတာဝန်ရှိသူများနှင့် ကနဦးဆွေးနွေးပြီးနောက် ယခု ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။
ယခုတွေ့ဆုံပွဲတွင် ပရီးမီးယားလိဂ် အသင်းများ၏ လေ့ကျင့်ရေးနှင့် ပွဲများပြန်လည်ကစားမည့်ကာလ အဆိုပြုချက်များကို အဓိကဆွေးနွေးဖွယ်ရှိနေသည်။
ပွဲများပြန် လည်ကစားရန်အတွက် ကစားသမားများ၏ ထောက်ခံမှုမှာလည်း အရေးပါနေပြီး မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးနှင့် ချယ်လ်ဆီးအသင်း နောက်ခံလူ ရူဒီဂါမှာ ဘောလုံးပွဲများ အချိန်မတိုင်မီ ပြန်ကစားလျှင် ဘေးကင်းရေးအတွက် စိုးရိမ်မိကြောင်း လူသိရှင်ကြား ဖွင့်ဟထားခဲ့သည်။
အမည်ပြောရန်ဆန္ဒမရှိသည့် ပရီးမီး ယားလိဂ်ကစားသမားတစ်ဦးကမူ ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။
"ကစားသမားအများစု ကတော့ ဘောလုံးရာသီကိုပြီးဆုံးအောင် ကစားလိုကြတယ်။ ကျွန်တော်တို့ စမ်းသပ်မှုတွေ ပုံမှန်ပြုလုပ်ရင် ဒါက ပြဿနာမရှိနိုင်ပါဘူး။ ပွဲတွေပြန်ကစားလိုတဲ့ ကစားသမားဘယ်လောက်များသလဲဆိုတာ သိများသိရင် အံ့ အားသင့်သွားလိမ့်မယ်"ဟု အဆိုပါကစား သမားက Daily Mail သို့ ထုတ်ဖော်ပြောကြားခဲ့သည်။