ဘွန်ဒစ်လီဂါကလပ် ဟာသာဘာလင်အသင်းသည် အဝတ်လဲခန်းအတွင်း အသင်းဖော်များကို လက်ဆွဲနှုတ်ဆက်ခဲ့သော ဒုတိယအသင်းခေါင်းဆောင် တိုက်စစ်မှူး ကာလူးကို ပွဲကစားခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဘွန်ဒစ်လီဂါကလပ် ဟာသာဘာလင်အသင်းသည် အဝတ်လဲခန်းအတွင်း အသင်းဖော်များကို လက်ဆွဲနှုတ်ဆက်ခဲ့သော ဒုတိယအသင်းခေါင်းဆောင် တိုက်စစ်မှူး ကာလူးကို ပွဲကစားခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ချယ်လ်ဆီးကစားသမားဟောင်း ကာလူးသည် အသင်းဖော်များ၊ အသင်းဝန်ထမ်းများအား လိုက်လံနှုတ်ဆက်ကာ ဟာသလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုဖိုင်ကို သူ၏ Facebook တွင်လွှင့်တင်ခဲ့သည်။
ထို့ကြောင့် ဂျာမန်လိဂ်အဖွဲ့ချုပ်က လက်ခံနိုင်ဖွယ်မရှိသည့်အပြုအမူဟု ကြေညာချက်ထုတ်ကာ ရှုတ်ချပြစ်တင်ခဲ့သလို၊ ဟာသာဘာလင်အသင်းကလည်း ပွဲကစား ခွင့် အကန့်အသတ်မရှိပိတ်ပင်ကြောင်း ကြေညာခဲ့သည်။
ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ကာလူးက ၎င်း၏အပြုအမူအတွက် တောင်းပန်စကား ပြန်လည်ပြောကြားခဲ့ကြောင်းလည်း သိရသည်။