နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ဧပြီ ၃၀ ရက် က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်း ထုတ်ပြန်သည်။
ထိုသို့ ဆက်သွယ်ပြောကြားမှုတွင် COVID-19 နှင့် ပတ်သက်၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် ကူညီပံ့ပိုးမှုများလုပ် ဆောင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း မေ ၁ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းဦးစားပေးမူဝါဒ ချမှတ်ထားပြီး အဆိုပါ မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အိန္ဒိ ယဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟုဦးဇော် ဌေးက ပြောကြားသည်။
ထို့အတူ ဆွေးနွေးမှုအတွင်း အိန္ဒိယနိုင်ငံရောက် မြန်မာရဟန်းတော်နှင့် လူပုဂ္ဂိုလ်များကို ပြည်တွင်းသို့ ပြန်လည် ခေါ်ယူရာ တွင် အိန္ဒိယအစိုးရဘက်မှ ပူးပေါင်း ဆောင် ရွက်ခဲ့မှုကိစ္စလည်း ပါဝင်ကြောင်း ဦးဇော် ဌေးက ပြောကြားသည်။
“အိန္ဒိယနိုင်ငံနဲ့ပတ်သက်လို့ အဓိက ဆွေးနွေးတာကတော့ အိန္ဒိယကို ရောက်နေ တဲ့ သံဃာတော်တွေ မြန်မာနိုင်ငံကို ခေါ်တဲ့ လုပ်ငန်းစဉ်ရှိပါတယ်။ ဒီပေါ်မှာ အိန္ဒိယ အစိုးရနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီအပေါ်မှာလည်း ကျေးဇူးတင်ရှိ တဲ့သဘောပေါ့။ အဲဒါမျိုးနဲ့ ဆက်သွယ်တာ ရှိတယ်။ တစ်ဆက်တည်းမှာပဲ COVID-19 က၊ အိန္ဒိယနိုင်ငံမှာ လူဦးရေတော်တော်များ တယ်။ အဲဒီလူဦးရေကို ထိန်းသိမ်းတဲ့ အချိန် မှာ ဆောင်ရွက်တဲ့ဟာလေးတွေပေါ့နော်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။
“ဒီ COVID-19 နဲ့ ပတ်သက်လို့ ဥပမာ အိန္ဒိယမှာဆိုရင် ဆေးထုတ်တာရှိ တယ်။ ကာကွယ်ဆေးထုတ်တာရှိတယ်။ အဲဒါမျိုးတွေ Research လုပ်နေတာရှိတယ်။ တကယ်လို့ အဲဒါတွေက Confirm ဖြစ်လာပြီဆိုရင် ကူညီပံ့ပိုးဖို့ သူတို့ဘက်ကပြောထား တာ ရှိတယ်။ ချုပ်လိုက်ရင်တော့ အိန္ဒိယ ရောက် သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ၊ သူတို့တွေပြန်ပို့ဖို့အပေါ်မှာ အိန္ဒိယအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိ တယ်။ နောက်တစ်ခုက COVID-19 နဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကူညီပံ့ပိုးမှုတွေလုပ်ဆောင်သွားဖို့ အထူး သဖြင့်ကတော့ အိန္ဒိယက ဆေးဝါးထုတ်လုပ် ရေး ဒီအပိုင်းမှာ ကမ္ဘာ့အဆင့် Advance ဖြစ်တဲ့အတွက် သူ့ဆီက ကူညီထောက်ပံ့မှု တွေပေးဖို့ ဆွေးနွေးပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့သည် ဧပြီ ၃၀ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ COVID-19 ၏ပြောင်းလဲနေသော အခြေ အနေများကိုဆွေးနွေးခဲ့ကြပြီး အလွန်ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးနှင့် အိန္ဒိယ၏ အိမ်နီးချင်း ပထမမူဝါဒတို့အရ အတူတကွလုပ်ဆောင်ကြခြင်းဖြင့် စိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရန်သဘောတူခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။















