COVID-19 ရောဂါ ကာကွယ်တားဆီး ရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အတွက် မန္တလေးမြို့ပေါ်ရှိ လူဦးရေထူထပ် သည့်နေရာများနှင့် ဘုန်းတော်ကြီးကျောင်း များတွင် တပ်မတော်နှင့် ခရိုင်မီးသတ်တပ်ဖွဲ့ ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း များကို လေးရက်တစ်ကြိမ် လိုက်လံပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။
ယင်းသို့ ပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်းကို တပ်မတော်သားများနှင့် မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ပူးပေါင်း၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များအပြင် လူဦးရေထူထပ်သည့် ပိုးသတ်ဆေးဖျန်းလိုသောနေရာများကို လိုက်လံပြုလုပ်ပေးလျက်ရှိပြီး လက်ရှိအချိန် တွင် ပိုးသတ်ဆေးဖျန်းခြင်းကို အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီးရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင် တိုက်ငါးကျောင်းနှင့် မဟာအောင်မြေမြို့နယ် မြင်းဝန်မင်းကြီးကျောင်းတိုက်နှင့် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ရှိ ဘာသာ ရေး အဆောက်အအုံများ ၊ ပုသိမ်ကြီးမြို့နယ် ရှိ ရန်ကင်းတောင်၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မြို့ဟောင်းဘူတာတို့တွင် ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး ဧပြီ ၂၅ ရက်တွင် မဟာ အောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက် နှင့် ဗောဓိမဏ္ဍိုင်သီလရှင်စာသင်တိုက်တိုက် တို့တွင် ဆက်လက်ပြုလုပ်ခဲ့သည်။
အမှတ် (၁၁၁) ဆက်သွယ်ရေးတပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်သူရက “ကျွန်တော်တို့ မန္တလေးမြို့အနှံ့ကို အကြီးအကဲတွေ ညွှန်ကြားချက်နဲ့ COVID-19 ကို တတပ် တအား တပ်မတော်အဖွဲ့အစည်းဖြင့် ဆေးဖျန်းဆောင်ရွက်လျက်ရှိပါတယ်။ နောင်လည်း တောာက်လျှောက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ လူထူထပ်တဲ့နေ ရာတွေ၊ စျေးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သာသနာအဆောက်အအုံတွေကို အကုန် လုံးလိုက်ပြီး ဆေးဖျန်းပါတယ်။ လက်ရှိဆို မြတောင်ကျောင်းတိုက်၊ မစိုးရိမ်ကျောင်း တိုက်၊ ဗန်းမော်ကျောင်းတိုက် စတဲ့ နေရာ တွေ၊ စျေးတွေ၊ အများကြီးဖျန်းပြီးပါပြီ။ ကျွန်တော်တို့ မန္တလေးမြို့ကို အဖွဲ့ရှစ်ဖွဲ့ဖွဲ့ပြီး ဆေးဖျန်းနေတဲ့လုပ်ငန်းများ လုပ်ဆောင်နေ ပါတယ်။ ကျွန်တော်တို့ ဘာသာလူမျိုးမရွေး၊ နေရာမရွေး ဖျန်းပေးနေပါတယ်” ဟု ပြော ကြားသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ မန္တလေး ခရိုင်ဦးစီးဌာနက ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်အလိုက် စီမံချက်များရေးဆွဲ၍ လေးရက်လျှင် တစ်ကြိမ်နှုန်းဖြင့် မန္တလေး မြို့အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ ဆေးရုံ များတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
“မန္တလေးခရိုင်မှာဆို COVID-19 နဲ့ ပတ်သက်ပြီး ဖြစ်ပြီဆိုကတည်းက တောက် လျှောက်ဆောင်ရွက်နေပါတယ်။ လေးရက် တစ်ကြိမ် ဆေးဖျန်းပါတယ်။ ရပ်ကွက်တွေထဲ ဖျန်းတယ်။ အထင်ကရနေရာတွေ၊ လူသွား လူလာများတဲ့နေရာတွေ၊ ဆေးရုံ ဒါတွေကို လေးရက်တစ်ကြိမ်ဖျန်းတယ်။ မြို့နယ် ခုနစ် မြို့နယ်ကနေပြီးတော့ တပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက် တဲ့အပိုင်းမှာ ဒီကနေ့ ဗန်းမော်ကျောင်းတိုက် နဲ့ သီလရှင်စာသင်တိုက် နှစ်ခုမှာ ဆေးဖျန်း ဆောင်ရွက်မှုကို သန္ဓေအရန်တပ်ဖွဲ့ဝင်က ၄၅ ဦး ၊ တပ်မတော်က ၁၅ ဦးတို့က ဆောင် ရွက်ခဲ့ပါတယ်” ဟု မန္တလေးခရိုင် မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်က ပြောကြားသည်။















