AA Medical Products Ltd မှ လှူဒါန်းသည့် တစ်ရက်အတွင်း လူဦးရေ ၁၄၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့်စက် မြန်မာနိုင်ငံသို့ရောက်ရှိ

AA Medical Products Ltd မှ လှူဒါန်းသည့် တစ်ရက်အတွင်း လူဦးရေ ၁၄၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့်စက် မြန်မာနိုင်ငံသို့ရောက်ရှိ
Published 21 April 2020

AA Medical Products Ltd မှ လှူဒါန်းသည့် တစ်ရက်အတွင်း လူဦးရေ ၁၄၀၀ ကျော်ကို ကိိုုရိုနာဗိုင်းရပ်စ် ရှိ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့်စက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။

အဆိုပါစက်မှာ ထိုင်းနိုင်ငံမှတစ်ဆင့် မြဝတီနယ်စပ်သို့ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်မှာ ထိုင်းနိုင်ငံဘက်ကနေ မြဝတီနယ်စပ် အမှတ် ၂ တံတားမှတဆင့် ကွန်တိန်နာကားတွေနဲ့ သယ်ဆောင်ပြီး မွန်းလွဲ ၂ နာရီ ၄၀ နာရီအချိန်မှာ မြဝတီမြို့ကနေ ရန်ကုန်သို့ ဆက်လက်ထွက်ခွာသွားပြီး ဒီညဦးပိုင်းလောက် ရန်ကုန်မြို့ကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်" ဟု ဦးသန့်ဇင်အောင်က ပြောကြားသည်။

အဆိုပါ ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ Covid-19 ရောဂါစစ်ဆေးသည့် စက်အပါအဝင် ဆက်စပ်ပစ္စည်းများကို AA Medical Products Ltd မှ ဧပြီ ၅ ရက်က ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို ့ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းစက်ကို ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွင် ထားရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဓာတ်ခွဲစက်နှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းနိုင်ငံဖဝါးအဖွဲ့ စုံစစ်ဆေးရေးဂိတ်ထိ သွားရောက်သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များအား မြဝတီမြို့မှ တာဝန်ရှိသူများက အမှတ်၂ ချစ်ကြည်ရေးတံတား၌ သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent