ကြံ့ခိုင်မှုအတွက် လာဇီယိုကစားသမားများ ကြက်သွန်ဖြူနှင့် ချောကလက်စားရမည်

ကြံ့ခိုင်မှုအတွက် လာဇီယိုကစားသမားများ ကြက်သွန်ဖြူနှင့် ချောကလက်စားရမည်
Published 20 April 2020

 

လာဇီယိုအသင်းသည် ၎င်းင်းတို့အသင်းမှကစားသမားများ၏ ကြံ့ခိုင်မှု အတွက် ကြက်သွန်ဖြူ၊ ဗီတာမင်နှင့် ချောကလက်များစားသုံးရန် ညွှန်ကြား ထားကြောင်း သိရသည်။

စီးရီးအေကလပ်အသင်းများ၏ လေ့ကျင့်ခန်းအစီအစဉ်များသည် လာမည့်မေလ (၂)ရက်၌ ပြန်လည်စတင်ဖွယ်ရှိနေပြီး မေလ (၂၇)ရက်မှ (၃၁)ရက်အတွင်းတွင် ကိုပါအီတာလီယာပွဲစဉ်များဖြင့် အီတလီ  ဘောလုံးလောကပြန်လည်အသက်ဝင်ဖွယ်ရှိကြောင်း အီတလီမီဒီယာများကဖော်ပြနေသည်။

ထို့ကြောင့် လာဇီယိုအသင်းသည် အိမ်တွင်းပုန်းနေရပြီး ပုံမှန်လေ့ကျင့်ခန်းအစီအစဉ်များ ပြတ်တောက်နေသဖြင့် ကစားသမားများ   ကြံံံ့ခိုင်မှုပြည့်ဝနေစေရန် ယင်းကဲ့သို့စီစဉ်ထားခြင်းဖြစ်သည်။

လာဇီယိုအသင်း သည် နေ့စဉ်နေ့တိုင်း ဗီတာမင် စီနှင့် ဒီ သုံးစွဲရန်၊ ကြက်သွန်ဖြူနှင့် ချောက လက်စားသုံးစေမည်လည်းဖြစ်သည်။ 

- ကြက်သွန်ဖြူ - သွေးဖိအားကျဆင်းမှုကိုထိန်းသိမ်းပေးပြီး ဘက်တီးရီးယား တိုက်ဖျက်ရေးနှင့် အသက်ရှူလေပြွန်ဆိုင်ရာလုပ်ငန်းများကို သဘာဝအတိုင်း လုပ်ပေးနိုင်။

- ချောကလက် - စိတ်ကိုလန်းဆန်းစေပြီး စိတ်ကျန်းမာရေးအတွက် အကျိုးပြု

 

Most Read

Most Recent