နယူးကာဆယ်အသင်းကို ဆော်ဒီကျောထောက်နောက်ခံပြု ကုမ္ပဏီ ဝယ်ယူရန် နီးစပ်

နယူးကာဆယ်အသင်းကို ဆော်ဒီကျောထောက်နောက်ခံပြု ကုမ္ပဏီ ဝယ်ယူရန် နီးစပ်
Published 15 April 2020

ဆော်ဒီကျောထောက်နောက်ခံပြုကုမ္ပဏီ PCP Capital Partners (PCP) သည် နယူးကာဆယ်အသင်းကို ပေါင်သန်း (၃၀၀) ဖြင့် ဝယ်ယူရန် နီးစပ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ဆော်ဒီကျောထောက်နောက်ခံပြုကုမ္ပဏီ PCP Capital Partners (PCP) သည် နယူးကာဆယ်အသင်းကို ပေါင်သန်း (၃၀၀) ဖြင့် ဝယ်ယူရန် နီးစပ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆယ်လ်မန် ဦးဆောင်သည့် ဆော်ဒီပြည်သူရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က ငွေကြေးထောက်ပံ့ထားသည့် PCP Capital Partners (PCP) ကုမ္ပဏီသည် နယူးကာဆယ်အသင်းကို ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း သဘောတူညီမှုရဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။  PCP သည် နယူးကာဆယ်အသင်းကို ၂၀၁၈ ခုနှစ်က ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီ အရောင်းအဝယ် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။ 

နယူးကာဆယ်အသင်းကို ၂၀၀၇ ခုနှစ်တွင် ပိုင်ဆိုင်ခဲ့သည့်် ဗြိတိန်ဘီလျံနာ မိုက်အက်ရှ်လေသည် အသင်းပရိသတ်များ၏ ဝေဖန်မှုများကြောင့် အသင်းရောင်းချရန် စီစဉ်နေပြီး PCP ၏ ပေါင်သန်း (၃၀၀)ဖြင့် ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိနေကြောင်း သိရသည်။ 

နယူးကာဆယ်အသင်းအား ဝယ်ယူမည့် လုပ်ငန်းစဉ်များကို ဦးဆောင်နေသူမှာ PCP ကုမ္ပဏီ၏ရှယ်ယာ (၁၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည် ဗြိတိန်ငွေကြေးပွဲစား အာမန်ဒါစတာဗယ်လီဖြစ်ပြီး ယင်းကုမ္ပဏီကို ဆော်ဒီလူမျိုးများက ရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း Sky Sports က ဖော်ပြခဲ့သည်။ 

ဆော်ဒီနိုင်ငံသည် လူအခွင့်အရေးချိုးဖောက်သည်ဆိုသော နာမည်ဆိုးများကို အားကစားဖြင့် ချေဖျက်ရန် ကြိုးစားနေပြီး ယခု နယူးကာဆယ်အသင်းကို ဝယ်ယူရန် စီစဉ်နေခြင်းမှာလည်း ယင်းထဲမှ တစ်ခုဖြစ်နိုင်ကြောင်း ဥရောပမီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

ထို့ပြင် နယူးကာဆယ်အသင်းကို PCP က ဝယ်ယူပြီးပါက နယူးကာဆယ်အသင်းမှာ အာရပ်ဘီလျံနာများပိုင်ဆိုင်သည့် မန်စီးတီး၊ PSG အသင်းတို့ကဲ့သို့ ချန်ပီယံဆုများကို စိန်ခေါ်နိုင်သည့် အသင်းဖြစ်လာနိုင်ကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

 

Most Read

Most Recent