COVID-19 ကြောင့် ဘောလုံးရာသီဖျက်သိမ်းလျှင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ဆုံးရှုံးရနိုင်သည့် ငွေကြေးပမာဏမှာ ပေါင် (၁) ဘီလီယံကျော်ရှိနေပြီး မန်ယူအသင်းမှာ ဆုံးရှုံးမှုပမာဏ အများဆုံးဖြစ်လာနိုင်

COVID-19 ကြောင့် ဘောလုံးရာသီဖျက်သိမ်းလျှင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ဆုံးရှုံးရနိုင်သည့် ငွေကြေးပမာဏမှာ ပေါင် (၁) ဘီလီယံကျော်ရှိနေပြီး မန်ယူအသင်းမှာ ဆုံးရှုံးမှုပမာဏ အများဆုံးဖြစ်လာနိုင်
Photos: Strettynews & Getty Images
Photos: Strettynews & Getty Images
Published 8 April 2020

COVID-19 ဗိုင်းရပ်စ်ကြောင့် ၂၀၁၉- ၂၀ ဘောလုံးရာသီ ဖျက်သိမ်းလျှင် ပရီးမီးယား ကလပ်အသင်းများ ဆုံးရှုံးရနိုင်သည့် ငွေကြေး ပမာဏမှာ ပေါင် (၁) ဘီလီယံကျော်အထိရှိနိုင် ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

COVID-19 ဗိုင်းရပ်စ်ကြောင့် ၂၀၁၉- ၂၀ ဘောလုံးရာသီ ဖျက်သိမ်းလျှင် ပရီးမီးယား ကလပ်အသင်းများ ဆုံးရှုံးရနိုင်သည့် ငွေကြေး ပမာဏမှာ ပေါင် (၁) ဘီလီယံကျော်အထိရှိနိုင် ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

    

လက်ကျန်ပွဲများမကစားဖြစ်လျှင် ဆုံးရှုံးနိုင်သည့် ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေး၊ အသင်းဂျာစီအပါအဝင် အမှတ်တရပစ္စည်းရောင်းချမှုနှင့် စပွန်ဆာစာချုပ်များမှဝင်ငွေ စသည့် အခန်းကဏ္ဍများကို ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်အသင်းများ၏ဝင်ငွေများတွင် ရုပ်သံမူပိုင်ခွင့်ရရှိသည့်ငွေမှာ အဓိကအသက်သွေးကြောဖြစ်ပြီး လက်ကျန်ဘောလုံးရာသီကို ဖျက်သိမ်းခဲ့လျှင် ရုပ်သံအခန်းကဏ္ဍတစ်ခုတည်း မှ ဆုံးရှုံးရနိုင်သည့်ပမာဏမှာ ပေါင် (၇၆၂) သန်းအထိရှိနိုင်ကြောင်း ဘောလုံးစီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ပြထားသည်။ 

ပရီးမီးယားလိဂ်အနေဖြင့် စုစုပေါင်းဆုံးရှုံးရနိုင်မှုမှာ ပေါင် (၁၀၈၂.၉)သန်းအထိရှိနိုင်ပြီး ရုပ်သံဝင်ငွေမှာ စုစုပေါင်း (၃)ပုံ၊ (၂)ပုံ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။

ဝင်ငွေအထိခိုက်ဆုံးအသင်းများမှာ မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရန်သေချာသလောက်ဖြစ်သည့်   လီဗာပူးလ်အသင်းမှာတတိယမြောက်ဆုံးရှုံးမှုအများဆုံးအသင်း ဖြစ်နေသည်။ ယင်းအသင်း (၃)သင်းစလုံးမှာ ဘောလုံးရာသီသာ ဖျက်သိမ်းခဲ့လျှင် ပေါင်သန်း (၁ဝဝ) အထက်ဆုံးရှုံးရနိုင်ခြေ ရှိနေသည်။ ယခု တွက်ချက်မှုတွင် ရုပ်သံဝင်ငွေမှအပ ကွင်းဝင်ကြေးနှင့် စီးပွားရေးကဏ္ဍမှ ဝင်ငွေများမှာ ခန့်မှန်းတွက်ချက်ခြင်းဖြစ် သော်လည်း အနည်းငယ်သာ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

    

ယခုရာသီ လက်ကျန်ပွဲစဉ်များကို ပုံမှန်အတိုင်း ပြန်လည်ကျင်းပနိုင်ခဲ့လျှင် လာမည့်ရာသီအတွက် ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ပြင်ဆင်ချိန်နှစ်ပတ်ခန့်သာ ရဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း ထားခြင်းသာဖြစ်ပြီး ဗြိတိန်အစိုးရအနေဖြင့် ဘောလုံးပွဲများ ပြန်လည်ကစားရန် လုံခြုံစိတ်ချမှုရှိသည်ဟု ဆုံးဖြတ်ချက်ပေးမည့်အချိန်ကိုသာ စောင့်ဆိုင်းရန် လတ်တလောသဘောတူညီထားကြောင်း သိရသည်။  ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်ရန် ဖြစ်နိုင်ခြေရှိမည့်ကာလမှာ ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လအစဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းအထိ ကစားသွားရဖွယ်ရှိနေသည်။ 

လာမည့်ဘောလုံးရာသီကို ဩဂုတ်လ (၈) ရက်တွင် စတင်ရန် စီစဉ်ထားသော်လည်း လက်ရှိရာသီပြီးဆုံးမှုအပေါ် မူတည်ကာ ရွှေ့ဆိုင်းသွားမည့်အချက်ကို အားလုံးက သဘောတူလက်ခံဖွယ်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ဖြစ်လာလျှင် ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ပုံမှန်ရာသီကြိုပြင်ဆင်မှု ရက်သတ္တပတ် (၅)ပတ်ကြာ ရရှိတော့မည်မဟုတ်ဘဲ (၂)ပတ်သာပြင်ဆင်ပြီး ရာသီသစ်ကို စတင်ရဖွယ်ရှိနေသည်။

 

Most Read

Most Recent