ဖွဲ့စည်းပုံပြင်ဆင်ရေး နောက်ဆုံးနေ့ မဲခွဲဆုံးဖြတ်မှုတွင် နိုင်ငံတော်အလံ ပြင်ဆင်ချက် အပါအဝင် ပုဒ်မအားလုံး ပြင်ဆင်နိုင်ခြင်းမရှိဘဲ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၃၅ ချက်အနက် လေးချက်သာ ပြင်ဆင်နိုင်ခဲ့

ဖွဲ့စည်းပုံပြင်ဆင်ရေး နောက်ဆုံးနေ့ မဲခွဲဆုံးဖြတ်မှုတွင် နိုင်ငံတော်အလံ ပြင်ဆင်ချက် အပါအဝင် ပုဒ်မအားလုံး ပြင်ဆင်နိုင်ခြင်းမရှိဘဲ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၃၅ ချက်အနက် လေးချက်သာ ပြင်ဆင်နိုင်ခဲ့
မတ် ၂၀ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးနေ့အဖြစ်ပြည်ထောင်စုလွှတ်တော်တွင် မဲပေးမှုအပြီး မဲရေတွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
မတ် ၂၀ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးနေ့အဖြစ်ပြည်ထောင်စုလွှတ်တော်တွင် မဲပေးမှုအပြီး မဲရေတွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 21 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နောက်ဆုံးနေ့မဲခွဲဆုံးဖြတ်မှုအဖြစ် မတ် ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်အလံ ပြင်ဆင် ချက်အပါအဝင် ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင် သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၅)ကို မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့ ပုဒ်မများမဲခွဲရာတွင် နိုင်ငံတော် အလံ ပြင်ဆင်ချက်နှင့် နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မပြုရအချက်ကို ပယ်ဖျက် ခြင်းအပါအဝင် ပုဒ်မ ၁၄ ခုစလုံး ထောက်ခံမဲ  ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါမဲခွဲခဲ့သည့် ပုဒ်မများမှာ အခန်း (၁၄) အခန်းခေါင်းစဉ်၊ ပုဒ်မ ၄၀၅(က)၊ ပုဒ်မ ၄၃၇(က)၊ ပုဒ်မ ၄၄၁၊ ပုဒ်မ ၄၄၂၊ ပုဒ်မ ၄၄၃၊ ပုဒ်မ ၄၄၄၊ ပုဒ်မ ၄၄၄(ခ)၊ ပုဒ်မ ၄၄၅၊ ပုဒ်မ ၄၄၆၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၄၈၊ အသစ်ဖြည့် စွက်ချက်ပုဒ်မ ၄၄၉(က)နှင့် ၄၄၉(ခ)တို့ဖြစ် ပြီး NLD ပါတီက ပြင်ဆင်ချက် တင်သွင်းထား သည့် ပုဒ်မများဖြစ်သည်။

ပုဒ်မများ၏ အဓိကအကြောင်းအရာများ မှာ လက်ရှိနိုင်ငံတော်အလံကို ပြင်ဆင်ရန် ပြင်ဆင်ချက်၊ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များဖြစ်သည့် ဖွဲ့စည်းအခြေခံဥပဒေအာ ဏာမတည်မီ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက ဆက်လက်ကျင့် သုံးရမည်ကို ပယ်ဖျက်ရန်ပြင်ဆင်ချက်၊ နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင်နှင့် အစိုးရအဖွဲ့ဝင်များ၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အ ကြောင်းပြုပြီး ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ ဆိုသည့် ပြဋ္ဌာန်းချက် များကို ပယ်ဖျက်ရန် ပြင်ဆင်ချက်များဖြစ် သည်။

ပုဒ်မ ၄၃၇ (က) တွင်  လက်ရှိ နိုင်ငံတော် အလံကို ဖော်ပြထားပြီး NLD ပါတီ၏ ပြင် ဆင်ချက််အလံမှာ အောက်ခံအနီရောင်၊ လက် ဝဲဘက်အပေါ်ထောင့်တွင် အပြာရောင်ခွက် အတွင်းကြယ်ဖြူအကြီးကို ကြယ်ဖြူအသေး ၁၄ လုံးဝန်းရံထားသည့် အလံပုံစံပြင်ဆင် ချက်သည်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလ အတိုင်းထားရှိရမည်ဖြစ်သည်။

ထို့ပြင် ကူးပြောင်းရေးကာလ ပြဋ္ဌာန်း ချက်ပါ ပုဒ်မ ၄၄၁ တွင် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက် ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့်  အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပ သည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာ ဏာတည်သည်ဟု ပြဋ္ဌာန်းချက်ကို ပယ်ဖျက် ရန် ပြင်ဆင်အဆိုပြုချက်ကို ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

အလားတူ ပုဒ်မ ၄၄၅ တွင် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင််ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီတို့၏ မူဝါဒလမ်းညွှန််မှုများ၊ ဥပ ဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အ မိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်း ကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့် များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအ ဖွဲ့သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အ စိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင် ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဆိုသည့် ပြဋ္ဌာန်းချက်ကို NLD က ပယ်ဖျက်ရန် ပြင်ဆင်ချက်မှာလည်း ထောက် ခံမဲ  ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် မူလအတိုင်း ထားရှိမည်ဖြစ်သည်။

ထို့ပြင် NLD ပါတီက ပယ်ဖျက်ရန် ပြင် ဆင်ချက်တင်သွင်းထားသည့်  ကူးပြောင်းရေး ကာလပြဋ္ဌာန်းချက်ပါ ပုဒ်မများနှင့် အသစ် ဖြည့်စွက်ချက်များမှာလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိဘဲ မူလအတိုင်းသာ ထားရှိမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအ ကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မများကို ပြည်ထောင်စုလွှတ်တော််၌ မဲခွဲ ဆုံးဖြတ်ခြင်းကို မတ် ၁၀ ရက်က စတင်ပြု လုပ်ခဲ့ပြီး ဆန္ဒမဲလက်မှတ် ကိုးခုဖြင့် ဆောင် ရွက်ခဲ့ရာ မတ် ၂၀ ရက် မဲခွဲမှုသည် နောက်ဆုံး နေ့ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)တို့နှင့် အကျုံးဝင် သော ပုဒ်မ၊ ပုဒ်မခွဲ ၁၃၅ ခုကို မဲခွဲဆုံးဖြတ် ရာတွင် မသန်စွမ်းနှင့် သက်ကြီးရွယ်အိုစသည့် စကားရပ်ပြင်ဆင်ချက် ပုဒ်မအပါအဝင် ပုဒ်မ လေးခုသာ ပြင်ဆင်နိုင်ခဲ့သည်။

ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မများမှာ ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ ၃၂ (က)၊ ပုဒ်မ ၃၂(ခ)တို့ပါ မသန်စွမ်းနှင့် သက်ကြီးရွယ် အို ဆိုသည့် ပြင်ဆင်ချက်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သ ဘောတူသည့်အတွက် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲပြုလုပ်၍ ပြင်ဆင်ရေးဆောင်ရွက်မည် ဖြစ်သည်။

အလားတူ ပုဒ်မ ၄၃၆(ခ)နှင့် အကျုံး ဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ခန့်အပ်ခြင်းနှင့်သက်ဆိုင်သည့် ပုဒ်မ ၂၆၂ (က)(၁)ပါပြဋ္ဌာန်းချက်မှ စကားရပ်ဖြုတ်ခြင်း နှင့် ပုဒ်မ ၃၄၄ ပြဋ္ဌာန်းချက်မှ မသန်စွမ်းဆို သည့် ပြင်ဆင်ချက်ကို လွှတ်တော်ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ သည့်အတွက်် ပြင်ဆင်ရေးဆက်လက်ဆောင် ရွက်ရမည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မ ခွဲများကို လွှတ်တော်အဆုံးအဖြတ်ရယူရာ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၅၄ ဦး ရှိပြီး ဆန္ဒမဲပေးမည့်အစည်းအဝေးသို့ တက် ရောက်လာသော ကိုယ်စားလှယ်များ၏ ရာခိုင် နှုန်းဖြင့် တွက်ချက်ခြင်းမဟုတ်ဘဲ ၆၅၄ ဦး သော ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်း ဖြင့်သာ တွက်ချက်ခြင်းဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ် ၄၉၁ ဦးကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ 

ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ  ကိုယ်စားလှယ် ၃၈၂ ဦး အများဆုံးရှိ ပြီး ဒုတိယအများဆုံးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အ ခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂ လကိုယ်စားလှယ် အရေအတွက်သည် ၁၀၄ ဦးရှိကြောင်း သိရသည်။

မတ် ၁၉ ရက်တွင် ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်သို့ လွှတ်တော်ကိုယ်စား လှယ် ၆၂၉ ဦးတက်ရောက်ခဲ့ပြီး အစည်းအ ဝေးမတက်ရောက်နိုင်သဖြင့် ခွင့်တိုင်ကြားသူ သုံးဦး၊ ယခင်ခွင့်တိုင်ကြားထားသည့် လွှတ် တော်ကိုယ်စားလှယ် ၂၂ ဦး စုစုပေါင်း၂၅ ဦး ရှိခဲ့သည်။

 

 

Most Read

Most Recent