ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်မည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ရန်လိုအပ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်မည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ရန်လိုအပ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
Published 18 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်မည်ထင်သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ရန်လိုအပ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ထောက်ပြပြောကြားသည်။

မတ် ၁၇ ရက်က ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင် ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ()တွင် ကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၈ ခုကို စုစည်း ထားသည့် ဆန္ဒမဲလက်မှတ်()နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းအစီအစဉ်အပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မည်သို့သောခေါင်းစဉ် အောက်က ညှိနှိုင်း၍ရနိုင်မလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘယ်သူနဲ့ညှိနှိုင်းရမယ်၊ ဘယ်သူနဲ့ညှိနှိုင်းရင်တော့ အောင်မြင်မယ်။ ဘယ်သူနဲ့ ညှိနှိုင်းရင်တော့ ပြီးသွားမယ်လို့။ အဲဒီလိုတော့ ပြောလို့မရဘူး။ အဲဒီလူတွေ သွားပြီးတော့မှ လက်ညှိုးထိုးပြပြီး ထောက်ပြပါဆိုလို့ရှိရင် အဲဒီလူတွေကလည်း အဲဒီလိုပြောမှာ မဟုတ် ဘူး။ သီအိုရီသဘောတရားအရ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တစ်နိုင်ငံလုံးဆိုင်တာ၊ ပြည်သူအကုန်လုံးနဲ့ဆိုင်တာ။ ဒါကြောင့်မို့လို့ အဲဒီဟာတွေကို လိုအပ်မယ်ထင်တဲ့ အဖွဲ့အ စည်း၊ လိုအပ်မယ်ထင်တဲ့ပုဂ္ဂိုလ်၊ လိုအပ်မယ် ထင်တဲ့ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ဟာ လိုတယ်လို့ ကျွန်တော်က သီအိုရီသဘော အရ ထောက်ပြတာ။ နာမည်တွေမပါဘူး။ ရာထူးတွေမပါဘူး၊ ကျွန်တော်ပြောတာကဟု ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက ပြော ကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စသည် အနိုင် အရှုံးဆိုသည့် ရလဒ်အပေါ်တွင် မူတည်ခြင်း မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် အကောင်ဆုံးဖြစ်နိုင်မည့် နိုင်ငံတော်အ တွက် အကျိုးရှိနိုင်မည့် ရလဒ်၊ အဖြေကို ရှာ ရမည်ဖြစ်သည်ဟု နားလည်ကြောင်း ဒုတိယ ဗိုလ်မှူးကြီးမျိုးထက်ဝင်းက ပြောကြားသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက        “ပထမအကြိမ် လွှတ်တော်သက်တမ်းကာလမှာလည်း ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ သဘောထားမတူတာတွေ၊ သဘောထားကွဲ တာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြတာတွေ၊ ကိုယ်ပေးချင်တဲ့ သတင်း စကားပေးတာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီ လိုလုပ်ခဲ့တဲ့အခါမှာလည်း ကျွန်တော်တို့ ပြင် သင့်တယ်ဆိုတဲ့ဟာတွေ၊ ဇယားတွေ ပြင် စရာရှိတာပြင်တယ်။ ကျန်တဲ့ပုဒ်မတစ်ခုမှာ လည်း ပြင်စရာရှိတာပြင်ခဲ့ပြီးပါပြီ။ အဲဒီဟာ တွေကိုလည်း ပြန်ကြည့်ဖို့လိုပါတယ်။ ဒီလို ပြင်ဆင်တဲ့ကာလမှာ ငါပြင်ချင်တာကို မရ တာ သူတို့ကြောင့်ဆိုပြီးတော့မှ လက်ညှိုးထိုး ပြီးတော့မှ ပြည်သူနဲ့ အထင်အမြင်လွဲအောင် တိုက်မပေးပါနဲ့လို့။ ဒါ မပေးသင့်ပါဘူးလို့ ကျွန်တော်အနေနဲ့ ဆွေးနွေးလိုပါတယ်ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြင် ဆင်ရန်ကြိုးစားရာတွင်ငါအနိုင်ရမှ ဖြစ် မယ်ဆိုသည့် ခံယူချက်နှင့်သွားမည်ဆိုပါက စီးပွားရေးနှင့်ပတ်သက်သည့်အချက်ကို မှား ယွင်းပြင်ဆင်လိုက်လျှင် စီးပွားရေးကဏ္ဍအ တွက် အန္တရာယ်ရှိနိုင်ခြင်းနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့်အချက်ကို မှားယွင်းပြင်ဆင် လိုက်ပါက နိုင်ငံရေးတွင် အန္တရာယ်ရှိလာနိုင် ခြင်းများဖြစ်လာနိုင်ကြောင်း ဒုတိယဗိုလ်မှူး ကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြင် ဆင်တဲ့အခါမှာ တောင်အာဖရိကနိုင်ငံမှာ နယ်ဆင်မင်ဒယ်လားတို့ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်ဆိုရင် ညှိနှိုင်းပေါင်းစပ်တာတွေ၊ ပူးပေါင်းတာတွေ၊ အပေးအယူလုပ်တာတွေ အားလုံးပေါ့။ သဘောတူညီမူရအောင် လုပ်တဲ့ဟာတွေ အများကြီး သူတို့လုပ်ခဲ့ရတယ်။ အဲဒီလိုမဟုတ် ဘဲနဲ့ အခုနကလို ငါအနိုင်ပဲကွာ၊ ငါအနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ ခံယူချက်တစ်ခု။ ပြောရရင် တော့ ငါတကောပေါ့။ ငါတကောကောပုံစံနဲ့ သွားမယ်ဆိုရင်တော့ အဲဒီမှာ ခုနကပြောတဲ့ အန္တရာယ်ရှိလာနိုင်တယ်ဆိုတာ ပြောတာ။ အန္တရာယ်ဆိုတဲ့ဟာမှာကတော့ ဘာအန္တ ရာယ်ဆိုတဲ့ဟာတော့ ကျွန်တော် ပြောလို့ မတတ်ဘူး။ ဘာလို့ပြောလို့မတတ်ဘူးလည်း ဆိုတော့ အဲဒီဟာက ဒီလုပ်ဆောင်ချက် မှား တာပေါ်မှာ မူတည်တာ၊ ကိုယ်လုပ်တဲ့ လုပ် ဆောင်ချက်က မှားသွားရင် အဲဒီအပေါ်မှာ ဥပမာ စီးပွားရေးနဲ့ပတ်သက်တဲ့ ပြင်ဆင်ချက် ကို မှားပြီးပြင်လိုက်ရင် စီးပွားရေးဘက်ကို ရောက်သွားမှာ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြင်ဆင်ချက်ကို မှားပြီးပြင်လိုက်ရင် နိုင်ငံရေး ဘက်ကို အကုန်လုံးရောက်သွားမှာ။ ဒါမျိုး ကို ဆိုလိုတာပါဟု ဒုတိယဗိုလ်မှူးကြီး မျိုး ထက်ဝင်းက ပြောကြားသည်။

 

 

 

Most Read

Most Recent