စင်ကာပူကလပ်များနှင့် မတ် ၁၀ ရက်တွင်ကစားရမည့် ရန်ကုန်၊ ရှမ်းအသင်းတို့၏ AFC Cup ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရွှေ့ဆိုင်းရန် AFC မှ ညွှန်ကြားချက်မရှိသေးဟု တာဝန်ရှိသူများ အတည်ပြု

စင်ကာပူကလပ်များနှင့် မတ် ၁၀ ရက်တွင်ကစားရမည့် ရန်ကုန်၊ ရှမ်းအသင်းတို့၏ AFC Cup ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရွှေ့ဆိုင်းရန် AFC မှ ညွှန်ကြားချက်မရှိသေးဟု တာဝန်ရှိသူများ အတည်ပြု
Photos : Yangon Utd, Shan Utd
Photos : Yangon Utd, Shan Utd
Published 3 March 2020

 

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် လာမည့် မတ်  ၁၀ ရက်တွင် စင်ကာပူကလပ်များနှင့် AFC Cup အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်း ပွဲစဉ်များကို ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းရန် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ညွှန်ကြားထားခြင်းမရှိသေးကြောင်း ရန်ကုန်နှင့် ရှမ်းယူနိုက် တက်အသင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကို အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် စင်ကာပူအပါအဝင် ထိုင်း၊ မလေးရှားနိုင်ငံများ၌ ကူးစက်ခံရသူများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရောဂါကူး စက်မှုမပြန့်ပွားစေရန်အတွက် ကြိုးပမ်းလျက်ရှိသည်။ 

ယင်းအခြေအနေတွင် ရောဂါပိုးပြန့်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်မှုများအား သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များက တားဆီးထားကြောင်း သိရသည်။ 

သို့ သော် ပွဲရွှေ့ဆိုင်းရနိုင်သည့်အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်း မန်နေဂျာ ဦးမြင့်သိန်းက ''လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ ကြောင့် စင်ကာပူအသင်းနဲ့ကစားရမယ့် ပွဲစဉ်အပေါ် ပွဲရွှေ့တာတွေ ဘာတွေလုပ်ဖို့ AFC ဘက်ကနေ တစ်စုံတစ်ရာ ညွှန်ကြားတာမျိုး မရှိသေးပါဘူး။ မူလအစီအစဉ်အတိုင်းပဲ စင် ကာပူကလပ်အသင်းကို ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပါတယ်''ဟု ပြောကြားသည်။

ထို့အတူ စင်ကာပူကလပ် တမ်ပနိစ်ရိုဗာ အသင်းနှင့် အဝေးကွင်းသွားရောက်ကစားရမည့် ရှမ်းယူနိုက်အသင်း တာဝန်ရှိသူတစ်ဦးကလည်း ''အဝေးကွင်းသွားရောက်ကစားရ မယ့်အပေါ် လက်ရှိအချိန်မှာတော့ AFC Cup ရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိသေးပါဘူး။ ဟိုဘက်အသင်းကနေ ဘယ်နေ့လာမယ်၊ ဘယ်လိုလာကြိုမယ်ဆိုတာကိုတောင် မေးနေ ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီပွဲကို ရွှေ့ဆိုင်းဖို့တော့ ညွှန်ကြားချက်မရသေးပါဘူး''ဟု ပြောကြားသည်။ 

မတ် ၁၀ ရက်တွင် ရန်ကုန်နှင့် ဟောင်အန်အသင်း၊ တမ်ပနိစ်ရိုဗာအသင်းနှင့် ရှမ်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

Most Read

Most Recent