စကော့တစ်ရှ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ရိန်းဂျားစ်နည်းပြရာထူးမှ အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း ဂျရတ် ဖွင့်ဟ

စကော့တစ်ရှ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ရိန်းဂျားစ်နည်းပြရာထူးမှ အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း ဂျရတ် ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 1 March 2020

ရိန်းဂျားစ်အသင်းသည် ယခုရာသီ စကော့တစ်ရှ်လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သော်လည်း ဆဲလ်တစ်အသင်းအား (၁-၀)ဂိုးဖြင့် အရေးနိမ့်ကာ ဖလားနှင့် လွဲခဲ့ရသည်။ လက်ရှိ စကော့တလန် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရိန်းဂျားစ်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် ဆဲလ်တစ်အသင်းနှင့် ရမှတ်(၁၂)မှတ်အထိ ကွာဟလျက်ရှိနေသည်။ 

 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော စကော့တစ်ရှ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဟတ်စ် (၁-၀) ရိန်းဂျားစ် ပွဲပြီးနောက် ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်က လက်ရှိရာထူးမှ အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ရိန်းဂျားစ်အသင်းသည် ယခုရာသီ စကော့တစ်ရှ်လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သော်လည်း ဆဲလ်တစ်အသင်းအား (၁-၀)ဂိုးဖြင့် အရေးနိမ့်ကာ ဖလားနှင့် လွဲခဲ့ရသည်။ လက်ရှိ စကော့တလန် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရိန်းဂျားစ်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် ဆဲလ်တစ်အသင်းနှင့် ရမှတ်(၁၂)မှတ်အထိ ကွာဟလျက်ရှိနေသည်။ 

ဟတ်စ် အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲမှာ မိမိ၏နည်းပြဘဝတွင် အဆိုးရွားဆုံးဖြစ်ကြောင်း ဂျရတ်ကပြောကြားခဲ့ပြီး အသင်းနည်းပြရာထူးမှ အနားယူရန်အထိပင် စဉ်းစားနေပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

" ဒီပွဲဟာ ကျွန်တော့်ရဲ့ရိန်းဂျားစ် နည်းပြဘဝမှာ အဆိုးရွားဆုံးလို့ ခံစားမိပါတယ်။ ကျွန်တော် ပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။ လာမယ့် (၂၄) နာရီနဲ့ (၄၈)နာရီအတွင်း အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမှာပါ" ဟု ဂျရတ်က ပြောကြားခဲ့သည်။ 

လီဗာပူးလ်ဂန္ထဝင်ကွင်းလယ်လူ ဂျရတ်သည် ရိန်းဂျားစ်အသင်းကို ၂၀၁၈ ဇွန်လတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၁၀)ပွဲကိုင်တွယ်ခဲ့ရာ (၆၇)ပွဲ နိုင်ပွဲရရှိခဲ့သည်။

 

Most Read

Most Recent