ချန်ပီယံလိဂ်ဝင်ခွင့်မရသည့် အကျိုးဆက်အဖြစ် နှစ် ၂၀ ဝန်းကျင်အတွင်း ပထမဆုံးအဖြစ်အာဆင်နယ်အသင်း ပြီးခဲ့သည့်ရာသီတွင် ပေါင် ၂၇ ဒသမ ၁ သန်း အရှုံးပေါ်

ချန်ပီယံလိဂ်ဝင်ခွင့်မရသည့် အကျိုးဆက်အဖြစ် နှစ် ၂၀ ဝန်းကျင်အတွင်း ပထမဆုံးအဖြစ်အာဆင်နယ်အသင်း ပြီးခဲ့သည့်ရာသီတွင် ပေါင် ၂၇ ဒသမ ၁ သန်း အရှုံးပေါ်
Photos: Getty Images
Photos: Getty Images
Published 1 March 2020

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီး နောက်ပိုင်း ချန်ပီယံဆုသုံးကြိမ်ရယူထားနိုင်ပြီး မန်ယူ (၁၃ ကြိမ်)၊ ချယ်လ်ဆီး (ငါးကြိမ်) နှင့် မန်စီးတီး (လေးကြိမ်) တို့ပြီး စတုတ္ထအအောင်မြင်ဆုံး အသင်းဖြစ်သော်လည်း နောက်ဆုံး သုံးရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ကာ ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်နေရသည်။ ၂၀၁၈- ၂၀၁၉ ရာသီအတွက် ဘဏ္ဍာရေးစစ်တမ်းကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ရာ အာဆင်နယ်အသင်း အနေဖြင့် အခွန်ဆောင်ပြီးနောက် ပေါင် ၂၇ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ ခြင်းဖြစ်သည်။ 

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထိပ် သီးခြောက်သင်း (Big Six) စာရင်းဝင် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်မရသည့် အကျိုး ဆက်အဖြစ် နှစ် ၂၀ ဝန်းကျင်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ပေါင် ၂၇ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီး နောက်ပိုင်း ချန်ပီယံဆုသုံးကြိမ်ရယူထားနိုင်ပြီး မန်ယူ (၁၃ ကြိမ်)၊ ချယ်လ်ဆီး (ငါးကြိမ်) နှင့် မန်စီးတီး (လေးကြိမ်) တို့ပြီး စတုတ္ထအအောင်မြင်ဆုံး အသင်းဖြစ်သော်လည်း နောက်ဆုံး သုံးရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ကာ ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်နေရသည်။ ၂၀၁၈- ၂၀၁၉ ရာသီအတွက် ဘဏ္ဍာရေးစစ်တမ်းကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ရာ အာဆင်နယ်အသင်း အနေဖြင့် အခွန်ဆောင်ပြီးနောက် ပေါင် ၂၇ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့် ၅၊ FA ဖလား ပြိုင်ပွဲ၌ စတုတ္ထအဆင့်၊ လိဂ်ဖလား ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်ရောက် ရှိခဲ့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် မရသလို ကစားသမားများအတွက် လစာပေးချေမှုအသုံးစရိတ်မှာ ပေါင် ၂၃၁ ဒသမ ၇ သန်းအထိ မြင့်တက်လာသောကြောင့် ၂၀၀၂ ခုနှစ်နောက် ပိုင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ရာသီတွင်မူ ချန်ပီယံလိဂ်ဝင်ခွင့်မရသော်လည်း ပေါင် ၅၆ ဒသမ ၅ သန်း အမြတ်ရရှိခဲ့သည်။

ယခုရာသီတွင် Adidas ကုမ္ပဏီနှင့် အင်္ကျီစပွန်ဆာစာချုပ် ချုပ်ဆို နိုင်သလို အီမရိတ်စ်လေကြောင်းလိုင်းနှင့် ရင်ဘတ်စပွန်ဆာအသစ် ချုပ်ဆိုခဲ့သော်လည်း ယူရိုပါလိဂ် ပြိုင်ပွဲ၌ ၃၂ သင်းအဆင့်မှ ထွက်ခဲ့ရသောကြောင့် ဆုကြေး၊ ကွင်းဝင်ကြေး နှင့် ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှာ ပိုမို လျော့ကျသွားဖွယ်ရှိနေသည်။ ထို့ ပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၇ ပွဲ ကစားအပြီးတွင် (ယခုတစ်ပတ်ပွဲစဉ် မရှိ) နိုင်ပွဲရှစ်ပွဲသာရရှိကာ ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၉ နေရာရောက် ရှိနေသလို လိဂ်ဖလားပြိုင်ပွဲတွင် စတုတ္ထအဆင့်မှ ထွက်ခဲ့ရပြီး FA ဖလားပြိုင်ပွဲတွင်မူ ပဉ္စမအဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent