ဘွန်ဒစ်လီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Published 29 February 2020

ဟော်ဖန်ဟင်မ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉းဝ၀ နာရီ)

ဟော်ဖန်ဟင်မ်က ပထမအကျော့ မြူးနစ်ကွင်းမှာ အနိုင်ကစားထားခဲ့ပြီး အခုလအတွင်း ဂျာမန်ဖလားတွေ့ဆုံမှုမှာလည်း ပွတ်ကာသီကာသာ အရေးနိမ့်ခဲ့တယ်။ နောက်ဆုံးတွေ့ဆုံတဲ့(၈)ပွဲမှာလည်း ဒီနှစ်သင်းအကြား ရလဒ်ပိုင်းက သိပ်ကွာခြားမှုမရှိ ပါဘူး။ ဒါပေမဲ့ ဟော်ဖန်ဟင်မ်အသင်းမှာ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ခရမ်မာရစ်၊ ဘယ်လ်ဖိုဒယ်၊ ဒါဘူတို့ ဒဏ်ရာ ရနေတဲ့ ပြဿနာတော့ရှိတယ်။ ဘိုင်ယန်က ဒီပွဲပြီးရင်လည်း ရှော်လ်ကေးအသင်းနဲ့ ဂျာမန်ဖလား အဝေးကွင်းပွဲကျပ်ကစားရဖို့ ရှိနေသေးလို့ ပါဒါဘွန်းနဲ့ကစားခဲ့တုန်းကအတိုင်း အပြောင်းအလဲတွေလုပ်လာနိုင်တာ သတိပြုရမယ်။ အိမ်ရှင်ဖြစ်တဲ့ ဟော်ဖန် ဟင်မ်အသင်းကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

မိန့်ဇ် နှင့် ပါဒါဘွန်း (စနေည ၉းဝ၀ နာရီ)

မိန့်ဇ်အသင်းက အိမ်ကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၄)ပွဲအထိ အရေးနိမ့်ထားခဲ့တယ်။ လတ်တလောကြိုးစားမှု ပိုကောင်းတဲ့ ပါဒါဘွန်းကို ပိုကြိုက်တယ်။

ဒေါ့မွန် နှင့် ဖရိုင်းဘတ် (စနေည ၉းဝ၀ နာရီ)

ဒေါ့မွန်အိမ်ကွင်းနိုင်ပွဲပြန်ဆက်နေသလို ဖရိုင်းဘတ်ကလည်း အသင်းကြီးတွေနဲ့တွေ့ရင် ခံကန်အားကောင်းပါတယ်။ ဖရိုင်းဘတ် နဲ့စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။

အော့စ်ဘတ် နှင့် မိုချန်ဂလာဘတ် (စနေည ၉းဝ၀ နာရီ)

အိမ်ကွင်းနောက်ဆုံး(၆)ပွဲမှာ အော့စ်ဘတ်က ဒေါ့မွန်တစ်သင်းတည်းကိုပဲ အရေးနိမ့်ခဲ့တာပါ။ အခုပွဲလည်း အော့စ်ဘတ် အမှတ်ယူဖို့များတယ်။

ကိုလုံး နှင့် ရှော်လ်ကေး (စနေည ၁၂းဝ၀ နာရီ)

ကိုလုံးရဲ့နောက်ဆုံး(၈)ပွဲမှာ ဘိုင်ယန်နဲ့ဒေါ့မွန်ကိုသာ ရှုံးပြီး ကျန်(၆)ပွဲစလုံး အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ပုံစံပျက်နေတဲ့ ရှော်လ်ကေးအသင်း သရေတော့ရနိုင်ပါတယ်။

Most Read

Most Recent