ရီးယဲလ်မက်ဒရစ်သို့ မပြောင်းရန် ဆာလာကို အယ်လ်နန်နီ တိုက်တွန်း

ရီးယဲလ်မက်ဒရစ်သို့ မပြောင်းရန် ဆာလာကို အယ်လ်နန်နီ တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 28 February 2020

ဖီနာဘာချီကွင်းလယ်လူ အယ်လ်နန်နီက အီဂျစ်အသင်းဖော် တိုက်စစ်ကစားသမား ဆာလာအား ရီးယဲလ်မက်ဒရစ်အသင်းသို့ မပြောင်းရွှေ့ရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ဖီနာဘာချီကွင်းလယ်လူ အယ်လ်နန်နီက အီဂျစ်အသင်းဖော် တိုက်စစ်ကစားသမား ဆာလာအား ရီးယဲလ်မက်ဒရစ်အသင်းသို့ မပြောင်းရွှေ့ရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ဆာလာသည် ၂၀၁၇ ခုနှစ်တွင် ရိုးမားအသင်းမှ ပြောင်းရွှေ့လာပြီးနောက် လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး အနာဂတ်တွင် ရီးယဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် အယ်လ်နန်နီက ရီးယဲလ်အသင်းတွင် ရုန်းကန်နေရသည့် ဟာဇက်ကို ဥပမာပေးကာ ဆာလာအား အသင်းမပြောင်းရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

အယ်လ်နန်နီက "ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ ဆာလာဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားနေတာပါ။ သူက လီဗာပူးလ်အသင်းမှာ စူပါစတားတစ်ယောက်ဖြစ်ပြီး သူ့နေရာမှာ ကျွန်တော်သာ ဆိုရင် လီဗာပူးလ်မှာပဲ ဆက်နေမှာပါ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးကနေ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းသွားတဲ့ ဟာဇက်ဟာ ရီးယဲလ်အသင်းမှာ ရုန်းကန်နေရပါတယ်။ ရီးယဲလ်နဲ့ ဘာစီလိုနာတို့က လီဗာပူးလ်ထက် ပိုကြီးကျယ်တယ်ဆိုတာ မှန်ပေမယ့် ဆာလာဟာ လီဗာပူးလ်မှာ အသားကျနေပြီး လီဗာပူးလ်အသင်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် အယ်လ်နန်နီက လီဗာပူးလ်ပရိသတ်များမှာ ဆာလာကို အလွန်ချစ်ခင်ကြကြောင်းနှင့် ဆာလာအနေဖြင့် လီဗာပူးလ်အသင်းတွင် ဆက်နေမည်ဆိုပါက အသင်း၏သမိုင်းတွင် ကြီးကျယ်ခမ်းနားသည့် ကစားသမားဖြစ်လာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent