လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဝီလီယံအား ခေါ်ယူရန် အက်သလက်တီကိုအသင်း စီစဉ်

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဝီလီယံအား ခေါ်ယူရန် အက်သလက်တီကိုအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 28 February 2020

အက်သလက်တီကိုအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံသည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးရာတွင် သဘောတူညီမှုမရရှိသေးကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းက ဝီလီယံကို (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ဝီလီယံက (၃)နှစ်နှင့်အထက် သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ဖြင့် ကမ်းလှမ်းရန် ချယ်လ်ဆီးအသင်းကို တောင်းဆိုထားကြောင်း သိရသည်။ 

သို့သော် ချယ်လ်ဆီးအသင်းသည် ဝီလီယံ၏ တောင်းဆိုမှုကို လိုက်လျောလိုခြင်းမရှိသည့်အတွက် ဝီလီယံမှာ ယခုရာသီကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ထို့ကြောင့် အက်သလက်တီကိုအသင်းသည် လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဝီလီယံကို စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent