၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အရက်၊ ဘီယာနှင့် စီးကရက်စသည်တို့အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ကျပ် ၆၉၈ ဘီလျံကျော် ကောက်ခံရရှိပြီး ဘီယာမှ ကျပ် ၃၉၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ပြီး အရက်အမျိုးမျိုးမှ  ကျပ် ၁၈၄ ဘီလျံကျော် ကောက်ခံရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အရက်၊ ဘီယာနှင့် စီးကရက်စသည်တို့အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ကျပ် ၆၉၈ ဘီလျံကျော် ကောက်ခံရရှိပြီး ဘီယာမှ ကျပ် ၃၉၄ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ပြီး အရက်အမျိုးမျိုးမှ  ကျပ် ၁၈၄ ဘီလျံကျော် ကောက်ခံရရှိ
 ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 27 February 2020
နီလာ

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အရက်၊ ဘီယာနှင့် စီးကရက် စသည်တို့အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ကျပ် ၆၉၈ ဘီလျံကျော် ကောက်ခံရရှိပြီး ဘီယာမှ ကျပ် ၃၉၄ ဘီလျံကျော်ဖြင့် အများဆုံးကောက်ခံရရှိပြီး အရက်အမျိုးမျိုးမှ ကျပ် ၁၈၄ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

အထူးကုန်စည်ခွန်ဥပဒေပါ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ကုန်စည်များအပေါ် နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဘီယာမှ ကျပ် ၃၉၄ ဒသမ ၉၀၁ ဘီလျံ၊ အရက်အမျိုးမျိုးမှ ကျပ် ၁၈၄ ဒသမ ၄၅၇ ဘီလျံ၊ စီးကရက်မှ ကျပ် ၁၁၄ ဒသမ ၂၃၄ ဘီလျံ၊ ဆေးပေါ့လိပ်မှ ကျပ် ၃ ဒသမ ၅၁၁ ဘီလျံ၊ ကွမ်းစားဆေးမှ ကျပ် သုည ဒသမ ၀၈၉ ဘီလျံ၊ ၀ိုင်မှ ကျပ် ၁ ဒသမ ၃၄၂ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၆၉၈ ဒသမ ၅၃၄ ဘီလျံအထိ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ကောက်ခံရရှိမှုတွင် ဘီယာမှကျပ် ၂၀၄ ဒသမ ၈၈၁ ဘီလျံ၊ အရက်အမျိုးမျိုးမှ ကျပ် ၉၉ ဒသမ ၆၁၀ ဘီလျံ၊ စီးကရက်မှ ကျပ် ၅၈ ဒသမ ၈၈၂ ဘီလျံ၊ ဆေးပေါ့လိပ်မှ ကျပ် သုည ဒသမ၂၈၄ ဘီလျံ၊ ကွမ်းစားဆေးမှ ကျပ် သုညဒသမ ၀၅၉ ဘီလျံ၊ ၀ိုင်မှ ကျပ် သုညဒသမ ၅၆၈ ဘီလျံဖြင့် စုစုပေါင်းကျပ် ၃၆၄ ဒသမ ၂၈၈ ဘီလျံအထိ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ကောက်ခံရရှိမှုတွင် ဘီယာမှ ကျပ် ၂၈၂ ဒသမ ၆၃၁ ဘီလျံ၊ အရက်အမျိုးမျိုးမှ ကျပ် ၁၄၂ ဒသမ ၁၀၉ ဘီလျံ၊ စီးကရက်မှ ကျပ် ၈၇ ဒသမ ၃၅၅ ဘီလျံ၊ ဆေးပေါ့လိပ်မှ ကျပ် ၁ ဒသမ ၈၉၅ ဘီလျံ၊ ကွမ်းစားဆေးမှ ကျပ် သုည ဒသမ ၀၁၆ ဘီလျံ၊ ၀ိုင်မှ ကျပ် ၁ ဒသမ ၃၀၄ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၅၁၅ ဒသမ ၄၅၀ ဘီလျံအထိ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကြားကာလခြောက်လအတွင်း အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ကောက်ခံရရှိမှုတွင် ဘီယာမှ ကျပ် ၁၄၄ ဒသမ ၈၉၃ ဘီလျံ၊ အရက်အမျိုးမျိုးမှ ကျပ် ၅၆ ဒသမ ၉၈၂ ဘီလျံ၊ စီးကရက်မှ  ကျပ် ၃၉ ဒသမ ၇၃၁ ဘီလျံ၊ ဆေးပေါ့လိပ်မှ ကျပ် ၁ ဒသမ ၁၅၅ ဘီလျံ၊ ကွမ်းစားဆေးမှ ကျပ် သုည ဒသမ ၀၃၇ ဘီလျံ၊ ၀ိုင်မှ ကျပ် သုည ဒသမ ၇၀၁ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၂၄၃ ဒသမ ၄၉၉ ဘီလျံအထိ ကောက်ခံရရှိခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက်အခွန် ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင် ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင် နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီ- စက်တင်ဘာ ကြားကာလတွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆၁ ရာခိုင်နှုန်း (မူလ ခန့်မှန်းခြေ) ဖြစ်သည်။

Most Read

Most Recent