၂၀၁၉ ခုနှစ် အတွက် နောက်ဆုံးသုံးလပတ်အတွင် မန်ယူအသင်း ဝင်ငွေလျော့သွားသဖြင့် ကြွေးမြီပေါင် ၃၉၁ သန်းအထိ မြင့်တက်လာ

၂၀၁၉ ခုနှစ် အတွက် နောက်ဆုံးသုံးလပတ်အတွင် မန်ယူအသင်း ဝင်ငွေလျော့သွားသဖြင့် ကြွေးမြီပေါင် ၃၉၁ သန်းအထိ မြင့်တက်လာ
Photos: Getty Images
Photos: Getty Images
Published 26 February 2020

အောက်တိုဘာမှ ဒီဇင်ဘာအထိ သုံးလပတ်လအတွင်း ဘဏ္ဍာရေးရှင်းတမ်းကို မနေ့က ထုတ်ပြန်ခဲ့ရာ ဝင်ငွေစုစု ပေါင်း ၁၆၈ ဒသမ ၄ သန်းရရှိခဲ့ကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့် ယခုရာသီ တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရသဖြင့် ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေ အဓိကကျဆင်း သွားခြင်းဖြစ်ပြီး ပေါင် ၃၉ သန်းအထိလျော့ကျ သွားသည်။ 

 

မန်ယူအသင်းအနေဖြင့် ၂၀၁၉ ခုနှစ် အတွက် နောက်ဆုံးသုံးလပတ်အတွင်း ဝင်ငွေ ရရှိမှုလျော့ကျသွားသဖြင့် ကြွေးမြီပမာဏ ပြန်လည်မြင့်တက်လာပြီး ပေါင် ၃၉၁ သန်း အထိရှိလာကြောင်း သိရသည်။

အောက်တိုဘာမှ ဒီဇင်ဘာအထိ သုံးလပတ်လအတွင်း ဘဏ္ဍာရေးရှင်းတမ်းကို မနေ့က ထုတ်ပြန်ခဲ့ရာ ဝင်ငွေစုစု ပေါင်း ၁၆၈ ဒသမ ၄ သန်းရရှိခဲ့ကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့် ယခုရာသီ တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရသဖြင့် ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေ အဓိကကျဆင်း သွားခြင်းဖြစ်ပြီး ပေါင် ၃၉ သန်းအထိလျော့ကျ သွားသည်။ 

ဝင်ငွေကျဆင်းသွားသဖြင့် အသား တင်ကြွေးမြီပမာဏမှာလည်း မြင့်တက်လာပြီး ယခင်နှစ် ကာလတူတွင် ကြွေးမြီ ပေါင် ၇၃ ဒသမ ၆ သန်းသာရှိခဲ့ရာမှ  ဒီဇင်ဘာတွင် ပေါင် ၃၉၁ ဒသမ ၃ သန်းအထိ မြင့် တက်လာကြောင်း သိရသည်။ 

သို့သော် မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ် က "ရာသီတစ်ခုရဲ့ နောက်ဆုံးတတိယပိုင်းကို ရောက်လာချိန်မှာ ပရီးမီးယားလိဂ်၊ ယူရိုပါ လိဂ်နဲ့ FA ဖလားပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ အဆင့် ရပ်တည်နိုင်ဖို့ တွန်းအားပေးနေပါတယ်။ အသင်းရဲ့လူစာရင်းကို ပြန်လည်တည်ဆောက်နေတဲ့လုပ်ငန်းစဉ်ကိုလည်း ဆက်ပြီတော့လုပ်နေပါတယ်။ ကစားသမားခေါ်ယူမှု နဲ့ အကယ်ဒမီကစားသမားထွက်ပေါ်လာမှုအပိုင်းတွေကိုလည်း အပြောင်းအလဲအများ ကြီးလုပ်ထားပါတယ်။ ဒီအခြေခံအုတ်မြစ်က ကာလရှည်အောင်မြင်မှုရဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ အိုလေး (ဆိုးလ်ရှား) နဲ့ အတူ ရှေ့ဆက်ဆောင်ရွက်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent